Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 21, 2015

တစ်နေ့ကို ကော်ဖီ ၁ ခွက် (သို့) ၂ခွက် ခန့် သောက်သုံးတဲ့ အမျိုးသားတွေ ပန်းသေ နိုင်ခြေ နည်း



တစ်နေ့ကို ကော်ဖီ ၁ ခွက် (သို့) ၂ခွက် ခန့် သောက်သုံးတဲ့ အမျိုးသားတွေဟာ ချစ်တင်းနှီးနှောတဲ့အခါ မစွမ်းဆောင်နိုင်တဲ့ "ပန်းသေခြင်း" ဝေဒနာကို ခံစားရဖို့ နည်းတယ်လို့ လေ့လာမှု တစ်ခုက ဆိုလိုက်ပါတယ်။

NHS အချက်အလက်တွေအရ ရယ်ဒီမိတ်ကော်ဖီ တစ်ခွက်မှာ ကဖိန်းဓါတ် ၁၀၀ မီလီဂရမ် ပါဝင်ပါတယ်။ ဖျော်သောက်ရတဲ့ နှပ်ကော်ဖီတွေမှာတော့ ကဖိန်းဓါတ် ၁၄၀ မီလီဂရမ် ပါဝင်ပါတယ်။ လက်ဖက်ရည် ၁ ခွက်မှာတော့ ကဖိန်း ၇၅ မီလီဂရမ် ပါဝင်ပြီး ကိုကာကိုလာ ၁ ဘူးမှာတော့ ကဖိန်းဓါတ် ၄၀ မီလီဂရမ် ပါဝင်တယ်လို့ သိရပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ နေ့စဉ် ကဖိန်းဓါတ် ၈၅ မီလီဂရမ် နဲ့ ၁၇၀ မီလီဂရမ် ကြား မှီဝဲ သူတွေဟာ ကဖိန်းဓါတ်လုံးဝမမှီဝဲသူတွေထက် ပန်းသေဖို့ ၄၂ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရပါတယ်။ တစ်ေန့ကို ကဖိန်း ၁၇၁ မီလီဂရမ်နဲ့ ၃၀၃ မီလီဂ၇မ်ကြား မှီဝဲသူတွေကတော့ ၃၉ ရာခိုင်နှုန်း ပန်းသေနိုင်နှုန်း လျော့နည်းစေနိုင်ပါတယ်။

အ၀လွန်နေတဲ့ အမျိုးသားတွေနဲ့ သွေးဖိအား မြင့်နေတဲ့ အမျိုးသားတွေကတော့ ပန်းသေဖို့အတွက် အခွင့်အလမ်းပိုများတဲ့သူတွေ ဖြစ်ကြပြီး ထို အမျိုးသားတွေအနေနဲ့ တစ်နေ့ကို ကော်ဖီ ၁ ခွက် (သို့) ၂ ခွက်ခန့်သောက်မယ်ဆိုရင်တော့ ပန်းသေနိုင်နှုန်း လျော့နည်းစေနိုင်မှာပါ။ ဆီးချို ၊သွေးချို ရောဂါရှိသူတွေအတွက်ကတော့ ကဖိန်းဓါတ်က ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။

တက္ကဆက်ပြည်နယ် တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ဆွေးနွေးခဲ့တာကတော့ ကဖိန်းဓါတ်ဟာ လိင်အဂါင်္မှာရှိတဲ့ သွေးကြောတွေကို သက်တောင့်သက်သာ ရှိစေပြီး သွေးလည်ပတ်မှုနှုန်းကိုလည်း မြင့်တက်လာစေတယ်နိုင်တဲ့ သက်ရောက်ပေါင်းများစွာကို ကဖိန်းဓါတ်က ဖန်တီးပေးနိုင်တယ်လို့ ဆိုကြပါတယ်။

ထိုလေ့လာမှု ဟာ အမျိုးသား အယောက် ၄၀၀၀ ရဲ့ ၂၄နာရီဟာ အစားအသောက် မှတ်တမ်းတွေကို အချက်အလက် ကောက်ယတွက်ချက်ပြီး သုတေသနပြုလုပ်ထားတာဖြစ်ပါတယ်။ ထိုလေ့လာမှုကို ဦးဆောင်ခဲ့တာကတော့ စာရေးဆရာ တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ David Lopez ပဲဖြစ်ပါတယ်။
( Mario )
Ref : Dailymail

No comments:

Post a Comment