Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 2, 2015

လုပ်အားခတောင်းသဖြင့်လုပ်ငန်းရှင်က သေနတ်ဖြင့်ပစ်ခတ်



မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် အတွင်းရှိ ကျေးရွာတစ်ခုမှ ရာဘာသစ်တုံး များဖြတ်တောက် သယ်ယူ ပို့ေ ဆာင်ခြင်းများကို လုပ်ကိုင်ရသည့်မြန်မာအလုပ်သမား၎ဦးတို့ လုပ်အားခတောင်းသဖြင့်လုပ်ငန်း ရှင်ကသေ နတ်ဖြင့်ပစ် ခတ်ခံ ခဲ့ကြောင်း အလုပ်သမားများ ကပြောသည်။
ဦးသန်းအောင်၊ ဦးအေးမင်း၊ လင်းထက်နိုင် နှင့် ဖြိုးဆို သည့် မြန်မာအလုပ်သမား၎ဦး တို့၏လုပ်အားခ ဘတ်ငွေ သုံးေ သာင်းကျော်အား တောင်းခံခဲ့ရာယမန်နေ့ နံနက်က သေနတ်ဖြင့် ၈ကြိမ်ပစ်ခတ်ခံခဲ့ရသည်။ အလုပ်သမားများမှာ ထိပ်လန့်တစ်ြ ကား ထွက်ပြေးကြရသည်။
မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ တောင်စွန်ရွာမှ အဖ ဦးတင်မြင့်+ဒေါ်စန်းဌေး တို၏သား အသက် ၂၀ အရွယ် ဖြိုးဆို သူ့မှာ ဘယ်ပခုံးအသားစိုင်အား ထုတ် ချင်းပေါက်ထွက်သွားခဲ့ သည်။
ဦးအေးမင်း က“ ကံကောင်းလို့ အသက်မသေးခဲ့ကြတာပါ။ ကျနော်တို့ တရားဝင်အလုပ် သမားတွေဖြစ်ပါ တယ်။ ကျနော်တို့ ဥပဒေအရ အကာအကွယ်ရချင်ပါတယ်။ ကူညီပေးကြပါ” ဟုပြောသည်။
ယခုအခါ ၎င်းတို့ ၄ဦးသည် အန္တရာယ်ကင်းနိုင်သည့် နေရာတစ်ခုသို့ရောက် ရှိနေကြကြောင်း သိရှိရသည်။
၂၀၁၄ ခုနှစ်ကုန်ခါနီးကလည်း စူရတ်ဌာနီ ရော်ဘာခြံတစ်ခုတွင် မြန်မာအလုပ်သမား ၃ဦး သတ်ဖြတ်ခံခဲ့ ရသော်လည်း နယ်မြေခံအာဏာပိုင်များသည် တရားခံအား ယနေ့တိုင်ဖေါ် ထုတ်နိုင်ခြင်းမရှိသေးချေ။
ယခင်ကများစွာကလည်း ထိုင်းနိုင်ငံအနှံ့အပြားတို့ တွင် မြန်မာ အလုပ်သမားများအား ထိုင်းလုပ်ငန်း ရှင်ကဖြစ်စေ၊ ထိုင်းလူမျိုးများကဖြ စ်ေ စ၊ ထိုင်းရဲတပ်ဖွဲ့က ဖြစ်စေ ပစ်သတ်ခဲ့မှု များစွာဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုင်းနိုင်ငံအတွင်းတွင် တကမ္ဘာလုံးမှ လူမျိုးပေါင်းစုံတို့လာရောက်နေထိုင် လုပ်ကိုင်နေကြသော်လည်းမြန်မာ အလုပ်သမားများ၏ဘ၀မှာ အကာ အကွယ်အမဲ့ဆုံးဟု ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားများအပေါ်တွင် ကာကွယ်စောင့်ရှောက်ရန်နှင့် တာဝန်ယူရကောင်းမှန်းသိသည့် အစိုးတစ်ရပ်မပေါ်ပေါက်မခြင်း မြန်မာလူမျိုးတို့၏ အသက် တစ်ချောင်း သည် ထိုင်းနိုင်ငံတွင် တိရစ္ဆာန် တစ်ကောင်လောက်မှ အလေးနက်ထားခြင်း ကိုမခံရနိုင်ကြောင်းMAT အဖွဲ့ကပြောသည်။

No comments:

Post a Comment