Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 2, 2015

ယူကျု့ဘ်အမှုဆောင်အရာရှိချုပ် ဆူဆန်ဝေါစစ်စကီး

ဆူဆန်ဒီယန်းဝေါစစ်စကီးသည် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးနှင့် ယူကျု့ဘ်ဗီဒီယိုဝက်ဘ်ဆိုက် အမှုဆောင်အရာရှိချုပ်ဖြစ်သည်။
ဝေါစစ်စကီးကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာစီရင်စုတွင် မွေးဖွားခဲ့သည်။ မိခင်နှင့် ဖခင်နှစ်ဦးစလုံးမှာ ပညာရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသူများဖြစ်သည်။ မိခင်မှာ စတန်းဖို့ဒ်တက္ကသိုလ် ရူပဗေဒပါမောက္ခဖြစ်သည်။ ဝေါစစ်စကီးလည်း စတန်းဖို့ဒ်တက္ကသိုလ်ဝင်းအတွင်း ကြီးပြင်းခဲ့ပြီး ပညာရေးလုပ်ငန်းသို့ ၀င်ရောက်ရန် ရည်ရွယ်ခဲ့သော်လည်း နည်းပညာအကြောင်း လေ့လာသိရှိခဲ့ပြီးနောက် နည်းပညာလုပ်ငန်းအတွင်း ၀င်ရောက်ခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် ပေါ်လိုအယ်လ်တိုရှိဂန်း အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့သူ ဝေါစစ်စကီးသည် ဟားဗတ်တက္ကသိုလ်၌ သမိုင်းနှင့် စာပေအထူးပြုခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စီးပွားရေးပညာမဟာဘွဲ့ရရှိခဲ့သလို ယင်းတက္ကသိုလ်အန်ဒါဆန်စီမံခန့်ခွဲရေးကျောင်းမှ MBA ဘွဲ့ကို ၁၉၉၈တွင် ရရှိခဲ့သည်။
၁၉၉၈ စက်တင်ဘာမှာပင် ဂူးဂဲလ်ကုမ္ပဏီထူထောင်သူ လယ်ရီပေ့ခ်ျနှင့် ဆာဂျေဘရင်တို့က ဝေါစစ်စကီး၏ နေအိမ်ကားဂိုဒေါင်တွင် ၎င်းတို့၏ ရုံးခန်းကို စတင်ဖွင့်လှစ်ခဲ့ကြသည်။ ဝေါစစ်စကီးသည် ၁၉၉၉ တွင် ဂူးဂဲလ်ကုမ္ပဏီ၏ ပထမဆုံးအရောင်းမန်နေဂျာဖြစ်မလာမီ အင်တဲလ်ကုမ္ပဏီအရောင်းဌာနသို့ သွားရောက်လုပ်ကိုင်ခဲ့သည်။
ဂူးဂဲလ်ကုမ္ပဏီ၏ ဈေးကွက်တင်ရေးအစီအစဉ်များကို ချမှတ်ခဲ့သော ဝေါစစ်စကီးသည် GoogleImages၊ Google Books စသည့် လုပ်ငန်းများတွင်လည်း အဓိကနေရာမှ ပါဝင်သလို ဂူးဂဲလ်၏ ကြော်ငြာနှင့် စီးပွားရေးဌာန ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ Google Video ကိုလည်း ကြီးကြပ်ခဲ့သူ မစ္စစ်ဝေါစစ်စကီးသည် ဂူးဂဲလ်နှင့် ယှဉ်ပြိုင်လာသော ယူကျု့ဘ်ကို ၂၀၀၆ က ကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံဖြင့် ၀ယ်ယူမှု၊ ၂၀၀၇ က Double Click ကို ကန်ဒေါ်လာ ၃ ဒသမ ၁ဘီလီယံဖြင့် ၀ယ်ယူမှုကိုလည်း ကိုင်တွယ်ခဲ့သည်။ နောက်ပိုင်းတွင် ယူကျု့ဘ်၏ စီနီယာဥက္ကဋ္ဌဖြစ်လာကာ ၂၀၁၄ ဖေဖော်ဝါရီတွင် ဥက္ကဋ္ဌဖြစ်လာသည်။
မစ္စစ်ဝေါစစ်စကီးမှာ ကြော်ငြာလုပ်ငန်းတွင် အရေးအပါအဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသလို ဂူးဂဲလ်တွင် မည်သူမှမကြားဖူးသော အရေးအကြီးဆုံးပုဂ္ဂိုလ်ဟု ရည်ညွှန်းခံရသူဖြစ်သည်။
မစ္စစ်ဝေါစစ်စကီးသည် ဒင်းနစ်တရိုပါနှင့် ၁၉၉၈ တွင် အိမ်ထောင်ပြုခဲ့ပြီး သားသမီးငါးဦး ထွန်းကားထားသည်။ ၎င်းသည် မိသားစုဘ၀နှင့် အလုပ်အကိုင်ကြား ဟန်ချက်ညီရေးအကြောင်း ပြောဆိုမှုများတွင် မကြာခဏကိုးကားခံရသူဖြစ်သည်။
—Ref: Wikipedia
http://7daydaily.com/story/36338#.VUUpaZOIXao

No comments:

Post a Comment