Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 15, 2015

ဂန္ထဝင် ဘလူးစ်ဂီတ အကျော်အမော် ဘီဘီကင်း ကွယ်လွန်


ဘလူးစ်ဂီတ၏ ဂန္ထဝင် ပုဂ္ဂိုလ်ကြီး တစ်ဦးအဖြစ် သတ်မှတ်ထားသည့် ဘီဘီကင်းသည် မေလ ၁၄ ရက် ညပိုင်းက ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

၎င်း၏ အမည်ရင်းမှာ ရိုင်လေးဘီကင်း ဖြစ်သော်လည်း အနုပညာ အမည်ဖြစ်သည့် ဘီဘီကင်း အနေဖြင့်သာ လူသိများသည်။ ဘလူးစ်ဂီတ၏ အထင်ကရ ပုံရိပ်တစ်ခုသဖွယ် ဖြစ်ခဲ့သည့် အဆိုတော်၊ သီချင်းရေးဆရာနှင့် ဂီတာသမား ကင်းသည် လွန်ခဲ့သည့် သီတင်း နှစ်ပတ်ခန့်က နေအိမ်တွင် နာတာရှည် စောင့်ရှောက်ကုသမှု ခံယူနေရကြောင်း ကြေညာခဲ့သည်။



ကင်းသည် ဆီးချိုရောဂါ ခံစားနေရပြီး ယင်းအတွက် ခန္ဓာကိုယ်တွင် ရေဓာတ်ခန်းခြောက်မှုများ ဖြစ်ခဲ့ကြောင်း ၎င်း၏ သမီး ပက်တီကင်းက ဆိုသည်။ ကင်းသည် လာ့စ်ဗီးဂက်စ်တွင် အိပ်ပျော်နေရင်း ကွယ်လွန်ခဲ့ပြီး ၎င်းသေဆုံးချိန်တွင် အသက် (၈၉) နှစ် ရှိပြီဟု သိရသည်။

မစ္စစ္စပီ ဇာတိဖွား ကင်းသည် ဘလူးစ်ဂီတ၏ ဘုရင်အဖြစ် ညွှန်းဆိုတင်စား ခံရပြီး ဆယ်စုနှစ် ခြောက်ခုမျှအတွင်း ရော့ခ်နှင့် ဘလူးစ်ဂီတ မျိုးဆက်သစ်များအပေါ် လွှမ်းမိုးသက်ရောက်မှု ကြီးမားစွာ ရှိခဲ့သည်။

ကင်းသည် ဆယ်စုနှစ် အတော်များများ ကြာမြင့်စွာ ဆီးချိုရောဂါ ခံစားခဲ့ရသော်လည်း ယမန်နှစ်တွင်မူ ကျန်းမာရေး သိသိသာသာ ယိုယွင်းလာခဲ့သည်။ ၎င်းသည် ၁၉၄၀ ပြည့်လွန် နှစ်များမှ စတင်၍ ထင်ရှားလာပြီး ၎င်း၏ ၁၅ ခုမြောက် ဂရမ်မီဆုကို ၂၀၀၉ ခုနှစ်တွင် လက်ခံရရှိခဲ့သည်။ Rolling Stone မဂ္ဂဇင်းက ကင်းသည် ဂျင်မီဟန်းဒရစ်နှင့် ဒူယန်အောလ်မန်းတို့နောက် သမိုင်းတစ်လျှောက် တတိယ အထူးချွန်ဆုံး ဂီတာသမားအဖြစ် ဂုဏ်ပြု ဖော်ပြခဲ့ဖူးသည်။


7daydaily

No comments:

Post a Comment