Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ခရီးသည်တင် ဘတ်စ်ကားတစ်စီး ချောက်အတွင်းသို့ ထိုးကျခဲ့ရာ လူ ၃၃ ဦးသေဆုံး


ရှီအန်း ၊ ၁၈-၅-၂၀၁၅

တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ရှန်းရှီးပြည်နယ် တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး ချောက်အတွင်း သို့ ထိုးကျခဲ့ရာ သေဆုံးသူ လူဦးရေ ၃၃ ဦးအထိ မြင့်တက် လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မတော်တဆ မှုသည် ချွမ်ဟွာခရိုင် ရှန်ယန်မြို့တွင် မေ ၁၄ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၃ နာရီ ၂၇ မိနစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခရီးသည် ၄၆ ဦးကို တင်ဆောင် လာသည့် ဘတ်စ်ကားသည် မီတာ ၃ဝ အနက်ရှိ ချောက်အတွင်းသို့ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်း ခရိုင် အာဏာပိုင် အဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြား ခဲ့သည်။

ဘတ်စ်ကားသည် ချောက် အတွင်းသို့ ထိုးကျပြီး ခရီးသည် ၂၅ ဦးမှာ အခင်း ဖြစ်ပွားရာ ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျန် သေဆုံးသူ များမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့မှုကြောင့် ဆေးရုံ၌ သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ယင်း ဘတ်စ်ကားမှာ ပြည်နယ်မြို့တော် ရှီအန်းရှိ ရှန်းပန် ကုမ္ပဏီပိုင် မော်တော်ယာဉ် ဖြစ်ကြောင်းနှင့် အဆိုပါ မတော်တဆ ဖြစ်ပွားရခြင်း နှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment