Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 3, 2015

အမျိုးသားအဆိုတော်သုံးဦး ပေါင်းစပ်ဖန်တီးထားတဲ့ ‘‘ရင်ဘတ်ထဲကအတိုင်း’’ စီးရီးစီစဉ်

ပရိသတ်လက်ခံအားပေး သည့် ၎င်းတို့တစ်ဦးချင်း၏ ကိုယ် ပိုင်ဟန် သီချင်းပုံစံဖြင့် ပေါင်းစပ် ဖန်တီးထားသော အဆိုတော် ဒီ ဖြိုး၊ ဆိုတေးနှင့် နီတာတို့သုံးဦး၏ ‘‘ရင်ဘတ်ထဲကအတိုင်း’’ တေးစီး ရီး ထွက်ရှိရန် စီစဉ်နေကြောင်း အဆိုတော်နီတာက ပြောသည်။ ‘‘ဒီအခွေမှာ ပရိသတ်တွေ အရသာသုံးမျိုးကို တစ်ခါတည်း ခံစားနိုင်ရအောင် ကျွန်တော်တို့ သုံးဦးစုပေါင်းပြီး ဖန်တီးထားပါ တယ်။ ဆိုတေးရော ဒီဖြိုးရောက ကျွန်တော်ချစ်ခင်ရတဲ့ ညီလေး တွေပဲဆိုတော့ အမှတ်တရလည်း ဖြစ်အောင်၊ ပြီးတော့ ဆိုတေးက လည်း နေကောင်းလာပြီဆိုတော့ အခွေလုပ်ချင်တယ် ပြောတယ်။ ဒီဖြိုးကလည်း ပရိသတ်တွေနဲ့အ ဆက်ပြတ်နေတာကြာပြီဆိုတော့ စီစဉ်ဖြစ်ခဲ့တာပါ’’ဟု ၎င်းက ပြော သည်။ အဆိုပါ ‘‘ရင်ဘတ်ထဲကအ တိုင်း’’စီးရီးတွင် သုံးဦးပေါင်း သီဆိုထားသည့် သီချင်းနှစ်ပုဒ် နှင့် တစ်ဦးချင်းသီဆိုသည့် သီ ချင်းလေးပုဒ်နှုန်းပါဝင်မည် ဖြစ် ပြီး စုစုပေါင်း တေးသီချင်း ၁၄ ပုဒ် ထည့်သွင်းထားကြောင်း သိရ သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များ ကလည်း ခေတ်ပြိုင်အဆိုတော် သုံးဦးဖြစ်သည့် အဲလက်စ်၊ ဆောင်းဦးလှိုင်နှင့် စည်သူလွင်တို့ သုံးဦးပေါင်း၍ 19:18 စီးရီးများ အတွဲလိုက်ထွက်ရှိခဲ့ပြီးနောက် ယခုအမျိုးသားအဆိုတော် သုံးဦး ဖြစ်သည့် ဒီဖြိုး၊ ဆိုတေးနှင့် နီတာ တို့ စီးရီးထွက်ရှိရန် စီစဉ်ခြင်း ဖြစ်သည်။ မေလဆန်းတွင် နီတာက ၎င်း၏ တစ်ကိုယ်တော်အခွေဖြစ် သည့် အချိန်မရွေး DVD 9 ခွေ ထွက်ရှိထားပြီး ယင်းအခွေ နှင့်ဆက်စပ်၍လည်း ‘‘ကျွန်တော့်အခွေမှာပါတဲ့ သီချင်းငါးပုဒ်က အမေရိက ဖျော်ဖြေရေးခရီးစဉ် သွားတုန်းက အဲဒီက မြို့ဆယ့်သုံး မြို့မှာ အဲဒီက ဒါရိုက်တာ သုံးဦးနဲ့ ရိုက်ကူးထားပါတယ်။ Location ကို အဓိကသေသေချာချာ ရိုက် ကူးပေးထားတာပါ။ ပရိသတ်တွေ မြင်ကွင်းအသစ်လေးတွေ ခံစားရ နိုင်အောင်လို့ပါ’’ဟု ၎င်းက ပြော သည်။

 7daydaily

No comments:

Post a Comment