Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

လွှတ်တော်ဥပဒေကြမ်းတွေ အစိုးရ လိုက်လံ ရေးဆွဲနေတာ အကျိုးမရှိကြောင်း သူရဦးရွှေမန်းပြော


 နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသား လွှတ်တော်ကို တွေ့ရစဉ်။ Photo: RFA 
 လွှတ်တော်တွေက ဥပဒေကြမ်းတွေ ရေးဆွဲနေချိန်မှာ ပြည်ထောင်စု အစိုးရက အလားတူ ဥပဒေတွေ ရေးဆွဲပြီး လွှတ်တော်ထံ တင်ပြတာဟာ လွှတ်တော်နဲ့ အစိုးရ နှစ်ဖက်စလုံး အတွက် အကျိုးမရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြောကြား လိုက်ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးက လွှတ်တော်ထံပေးပို့မယ့် ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေးမြန်းအပြီးမှာ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလိုပြောကြား ခဲ့တာ ဖြစ်ပါတယ်။

"လိုအပ်တာကဘာလည်းဆိုတော့ အစထဲကမြန်မြန်လုပ်ပေးဖို့ကိစ္စကို နှောင့်နှေးတဲ့ အတွက် လွှတ်တော်ကလုပ်တော့မှဘဲ နောက်ကနေ ကမန်းကတန်း လိုက်ပြီးတင်လာ တဲ့ကိစ္စဟာ နှစ်ဖက်လုံးအတွက် အကျိုးမရှိနိုင်ဘူးဆိုတာကို ပြောတာပါ"

လွှတ်တော်ကရေးဆွဲပြီးနောက်မှာ ပြည်ထောင်စုအစိုးရက ထပ်မံရေးဆွဲတင်ပြပြီး တူနေတဲ့ ဥပဒေတွေဟာ လျှပ်စစ်ဥပဒေ၊ လယ်ယာမြေဥပဒေနဲ့ အမျိုးသား ပညာရေး ဥပဒေတို့ ဖြစ်တယ်လို့ သိရပါတယ်။

လွှတ်တော်နဲ့ အစိုးရအဖွဲ့က ရေးဆွဲတဲ့ ဥပဒေကြမ်းတွေမှာ အကြောင်းအရာနဲ့ အနှစ်သာရတူတဲ့ ဥပဒေကြမ်းတွေဆိုရင် လွှတ်တော်က လက်ခံဆွေးနွေးတဲ့ ဥပဒေကြမ်းပေါ်မှာသာ မူတည်ဆွေးနွေးရမှာဖြစ်တယ်လို့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။

"လွှတ်တော်မှာဆွေးနွေးနေတဲ့ကြားက ဝန်ကြီးဌာနများက တစ်ခါထပ်ပြီး ဥပဒေ အသစ်တင်လာတဲ့ ကိစ္စကတော့ အကြောင်းအရာ တူတယ်ဆိုရင် လွှတ်တော်က လက်ခံစဉ်းစားတဲ့ ဥပဒေတစ်ခုအပေါ်မှာဘဲ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အတိုင်းဘဲ ဆွေးနွေးရမယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်၊ ဥပဒေနှစ်ခုမတင်ရဘူး လို့ ပြဌာန်းချက် မရှိသော်လည်းဘဲ ဒါလွှတ်တော်ရဲ့လုပ်ပိုင်ခွင့်ဖြစ်ပြီးတော့ အကြောင်းအရာတူ၊ ခေါင်းစဉ်တူ၊ အမည်တူ၊ အနှစ်သာရတူတဲ့ ကိစ္စတွေမှာတော့ လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဥပဒေအပေါ်မှာထပ်မံပြီးတော့ လိုအပ်တဲ့အချက်များကို ပြင်ဆင်ဖြည့်စွက်ထားခြင်းကတော့ နှစ်ခုဆွေးနွေးရန်မလိုဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်"

အစိုးရ၀န်ကြီးဌာနတွေက ဥပဒေပြဌာန်းဖို့ ပြင်ဆင်နေတဲ့ ဥပဒေပေါင်း ၁၃၇ ခုရှိပြီး စိစစ်ဆဲ ဥပဒေကြမ်း ၂၀ နီးပါးရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment