Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 17, 2015

စတော့အိတ်ချိန်းဆိုင်ရာ ဟောပြောပွဲများ၊ သင်တန်းများ တရားမ၀င်ဟု ဒုဝန်ကြီးပြော


စတာ့အိတ်ချိန်းဆိုင်ရာ ဟောပြောပွဲများ၊ သင်တန်းများ ပြုလုပ်နေခြင်းသည် တရားမ၀င် ဟု ဘဏ္ဍာရေးဒုဝန်ကြီးကပြော သည်။

တရားဝင်လုပ်ကိုင်လိုပါ က ငွေကြေးသက်သေခံ လက်မှတ် ကြီးကြပ်ရေး ကော်မတီ၏ ထောက်ခံချက် ရယူရမည်ဖြစ် သည်ဟု ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

မကြာမီဖွင့်လှစ်တော့မည့် စတော့အိတ်ချိန်းကို အကြောင်းပြ ပြီး အဖွဲ့အစည်းအချို့သည် သင် တန်းများပို့ချခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်ခြင်းတို့တွင် အမှန်တကယ်ကျွမ်းကျင်မှု မရှိဘဲ စီးပွားရေးဆန်ဆန် လုပ်ဆောင်လာမှုများကြောင့် ကန့်သတ်ထိန်းချုပ် ရန်လိုကြောင်း ၎င်းက ပြော သည်။ ‘‘အကူအညီကို ဟန်ပြပြီး လာပြီး စီးပွားရှာနေကြတယ်။ ဒါ ကို လူထုက နားလည်ဖို့တော့ လို တယ်။ အမှန်တကယ်ကူညီချင် လို့၊ တတ်လို့ ဟောပြောပွဲတွေလုပ် မယ်ဆိုရင် တကယ်ကြိုဆိုပါ တယ်။ ဒါကို အကြောင်းပြပြီး စီး ပွားရေးလာလုပ်တာ စိုးရိမ်တယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ရန်ကုန်စတော့ အိတ်ချိန်းအတွက် အများပြည်သူ လူထုနားလည်သဘောပေါက်ရန် ဟောပြောပွဲများနှင့် ၀န်ထမ်းအဖြစ်လုပ်ကိုင်လိုသူများအား သင် တန်းများပေးခြင်းများကို မြန်မာ နိုင်ငံ သက်သေခံလက်မှတ်ထုတ် ပေးရေးအာမခံအဖွဲ့က ခွင့်ပြုချက် ထုတ်ပေးမှာသာ လုပ်ကိုင်ခွင့်ရှိ တော့မည်ဖြစ်သည်။ ယင်းသို့ခွင့်ပြုချက်မရဘဲ လုပ်ဆောင်ခြင်း သည် တရားဝင် မဟုတ်ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာမောင် မောင်သိမ်းက ပြောသည်။

ငွေကြေးသက်သေခံလက် မှတ်ကြီးကြပ်ရေးကော်မတီသို့ ခွင့်ပြုရန် ယနေ့အချိန်အထိ တင်ပြ ထားသည့် သင်တန်း သုံးခုရှိ ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ စတော့အိတ်ချိန်း အတွက် နိုင်ငံတကာမှ ကျွမ်းကျင် သူများဟုဆိုကာ သင်တန်းအချို့ လာရောက်ပို့ချနေသည်။

‘‘စတော့အိတ်ချိန်းဆိုတာ ဒီ နိုင်ငံမှာ အခုမှ ကြားဖူးတာဆိုတော့ လူတိုင်းက စိတ်ဝင်စားကြပါတယ်။ တချို့က ဟောပြောပွဲတွေ၊ သင်တန်းတွေကို စီးပွားရေးဆန်ကြတယ်ဆိုပေမယ့် ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာ သေချာလေ့ လာသင့်ပါတယ်။ကမ္ဘာကျော် တယ်လို့ ပြောတိုင်း ယုံလို့ရတာ မဟုတ်ဘူး’’ဟု စတော့အိတ်ချိန်း ဟောပြောပွဲသို့ တက်ရောက်ခဲ့ဖူး သူ မစန္ဒာစိုးကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းကို အစိုးရက ၂၀၁၂ တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ အောက် တိုဘာတွင် ဖွင့်လှစ်နိုင်မည်ဟု အစိုးရကပြောသည်။ စတော့ အိတ်ချိန်းစတင်လည်ပတ်ရန် ရင်းနှီးမြှုပ်နှံငွေကျပ် ၃၁ ဘီလီယံလိုအပ်ပြီး ဂျပန်ဒိုင်ဝါ ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ အကျိုးတူပူး ပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

7daydaily

No comments:

Post a Comment