Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 21, 2015

ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုပြီး ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်မည်

Thursday, May 21, 2015
၂ဝ၁၅ ရွေးကောက်ပွဲကာလ မတိုင်မီ မဲဆွယ်စည်းရုံးမှုများတွင် ပြည်ခိုင်ဖြိုးပါတီမှ ဗိုလ်ချုပ်အောင်ဆန်း ပိုစတာများဖြင့် မဲဆွယ်မှုပြုလုပ်သွား မည်ဟု ပြည်ခိုင်ဖြိုးပါတီ တောင်ဥက္က လာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မေ ၁၈ရက် တွင် ရန်ကုန်တိုင်းမ်သို့ပြောသည်။
ဦးအောင်သိန်းလင်းက ''ကျွန် တော်တို့မှာ နိုင်ငံတော်အထိမ်းအမှတ် များ စီရင်ပြသခြင်းဆိုင်ရာ ဥပဒေရှိ တယ်။ ဗိုလ်ချုပ်က ကျွန်တော်တို့ရဲ့ အတုယူရမယ့် လေးစားရမယ့် အမျိုး သားခေါင်းဆောင်ကြီး ဖြစ်တဲ့အတွက် ပါ။ သို့သော်လဲပဲ ဗိုလ်ချုပ်အောင်ဆန်း ပုံတွေကို လမ်းဘေးမှာထောင်တား တာတွေက လုံးဝမသင့်လျော်တဲ့ လုပ် ရပ်တစ်ခုဖြစ်တယ်''ဟု ပြောသည်။
ပြည်ခိုင်ဖြိုးပါတီသည် ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အလိုက် ပါတီအောင် နိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုစတာများ အသုံးပြု မဲဆွယ်မှုများကြောင့် ပြည် သူတချို့ကလည်း ဝေဖန်လျက်ရှိသည်။
ခရမ်းမြို့နယ်နေ အလယ်တန်း ကျောင်းအုပ်တစ်ဦးက ''ယခင်အချိန် က ဗိုလ်ချုပ်ပုံ အိမ်ဦးခန်းမှာချိတ်ရင် တောင် သက်ဆိုင်ရာအဖွဲ့တွေကို ကြောက်နေရတယ်။ တကယ် သူတို့ တွေ ဗိုလ်ချုပ်ကို လေးစားတယ်ဆိုရင် ပါတီတံဆိပ် ခြင်္သေ့ကိုဖြုတ်ပြီး ဗိုလ် ချုပ်ပုံ ထည့်ပေးသင့်တယ်''ဟု ပြော သည်။
ပြည်ခိုင်ဖြိုးပါတီသည် ၁၉၉၃ ခုနှစ်တွင် ယခင်တပ်မတော်အကြီး အကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)မှ ပြည်ခိုင်ဖြိုးအသင်းအဖြစ် စတင်တည်ထောင်ပေးခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ထိုအသင်းကို ပြည်ခိုင်ဖြိုး ပါတီအဖြစ် အသွင်ပြောင်းပြီး ရွေး ကောက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။

TheYangonTimes

No comments:

Post a Comment