Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

တစ်နာရီပြည့်တိုင်း နှစ်မိနစ် လမ်းလျှောက် ပေးခြင်းဖြင့် အထိုင်များသည့် ဝေဒနာကို သိသာစွာကာကွယ်နိုင်




နယူးယောက် ၊ ၅-၅-၂၀၁၅

နေထိုင်မှု ပုံစံနှင့် အလုပ် သဘောသဘာဝ အရ အထိုင်များသူ များတွင် ရောဂါ ဝေဒနာ အမျိုးမျိုး ဖြစ်ပေါ် လာနိုင်၍ တစ်နာရီ ပြည့်တိုင်း မိနစ် အနည်းငယ်မျှ မတ်တပ်ရပ် ပေးသည့်အပြင် နှစ်မိနစ်ခန့် လမ်းလျှောက် ပေးခြင်းဖြင့် အထိုင်မျာသည့် ဝေဒနာများ ကို သိသာစွာ ကာကွယ်နိုင်မည် ဖြစ်ကြောင်း အမေရိကန်က အာရုံကြော ပညာရှင် အသင်းက ပြောပြသည်။

နေ့စဉ် အထိုင်များသူ များသည် အသက်အားဖြင့် တိုတောင်းလေ့ ရှိပြီး နှလုံး ၊ ဆီးချို ၊ သွေးချို နှင့် အခြားရောဂါ အမျိုးမျိုး တို့ကို ခံစားရနိုင် ကြောင်း ၊ အမေရိကန် နိုင်ငံသား ၈၀ ရာခိုင်နှုန်း သည် အားကစား နှင့် ကိုယ်လက် လှုပ်ရှားမှု တို့ကို လိုအပ်သလောက် မပြုလုပ် နိုင်ကြောင်း ၊ ကျန်းမာ သန်စွမ်းသူ တစ်ဦးလျှင် အနည်းဆုံး တစ်ပတ်လျှင် ၂ ဒသမ ၅ နာရီ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ရမည် ဖြစ်ကြောင်း ၊ ထိုသို့ မပြုလုပ် နိုင်လျှင်လည်း တစ်နာရီ ပြည့်တိုင်း နှစ်မိနစ် လမ်းလျှောက် ခြင်းကို မလွဲမသွေ ပြုလုပ် သင့်ကြောင်း သုတေသီ တစ်ဦးက ပြောပြသည်။

ယူတာ ဆေးတက္ကသိုလ်မှ သိပ္ပံ ပညာရှင် များက အထိုင်များ သူတို့သည် နာရီပိုင်း အလိုက် ညင်သာစွာ ကိုယ်လက် လှုပ်ရှားခြင်းများ ဖြစ်သော မတ်တပ်ရပ်ခြင်း ၊ လမ်းလျှောက် ပေးခြင်း တို့ကို ပြုလုပ်လျှင် အသက်ရှည် နိုင်ရန် အထောက်အကူ ပြုခြင်း ရှိ- မရှိ လေ့လာ ခဲ့ကြရာ မိနစ် ၆၀ အတွင်း ထိုင်ချိန် နှစ်မိနစ် လျော့ချကာ မတ်တပ်ရပ်ရုံ မျှဖြင့် ကျန်းမာရေး ကို အထွေအထူး အထောက်အကူ မပြုဘဲ ၄င်း နှစ်မိနစ်ကို လမ်းလျှောက် ပေးလျှင် အထိုင်များ ခြင်းကြောင့် အသက်တိုကာ သေဆုံး နိုင်ခြေကို ၃၃ ရာခိုင်နှုန်းထိ လျော့ချ ပေးနိုင်သည်ကို တွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment