Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 3, 2015

မေ၀ယ်သာနှင့် ပတ်ကွီရိုပွဲ ပရိသတ်များ စိတ်ပျက်



မေ ၂ ရက် အမေရိကန်ပြည်ထောင်စု လတ်ဗီးဂတ်စ်မှာ ယှဉ်ပြိုင်သွားတဲ့ အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာနဲ့ ပတ်ကွီရို ပွဲကို စောင့်ကြည့်တဲ့ ပရိသတ်အများ စိတ်ပျက်ခဲ့ပါတယ်။

ဒီပွဲမှာ မေ၀ယ်သာက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ တညီတညွတ်တည်း အနိုင်ရသွားပေမယ့် ပွဲကျင်းပတဲ့ အမ်ဂျီအမ် ဂရင်းမှာ လာရောက်ကြည့်ရှုတဲ့ ပရိသတ် အများစုက ပတ်ကွီရိုကို အနိုင်ရစေချင်တယ်လို့ ယူအက်စ်တူဒေးသတင်းမှာ ရေးပါတယ်။

လူအုပ်က မန်နီ မန်နီလို့ အော်ဟစ်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ မေ၀ယ်သာ နိုင်သွားတာကို စိတ်ပျက်လက်ပျက်တွေ့ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မေ၀ယ်သာက အရပ်ရှည်တာကို အခွင့်ကောင်းယူပြီး ဗျူဟာ ကျကျ အနိုင်ယူသွားတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒီပွဲကို ရုပ်သံကနေတဆင့် ကြည့်ခဲ့တဲ့ ပရိသတ် အများစုက မေ၀ယ်သာရဲ့ ခံစစ်ကစားတဲ့ စတိုင်နဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်ကတော့ ဒီလိုပွဲအတွက် ၅ နှစ်တောင် စောင့်ခဲ့ရသတဲ့လားဆိုပြီး လူမှုရေး ကွန်ရက် တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ပရီးမီးယားလိဂ်က ကျူပီအာ အသင်းခေါင်းဆောင် ဂျိုဆေးဘာတန်က မေ၀ယ်သာ ပြောတော့ အလီထက်တောင် ပိုကောင်းတဲ့ အကြီးကျယ်ဆုံး လက်ဝှေ့သမား ဖြစ်တယ် ပြောပြီး ထွက်ပြေးနေတာလား လို့မေးခွန်းထုတ်လိုက်ပြီး ကြည့်ရတာ အရမ်းဆိုးသလို ပျင်းစရာကောင်းတယ်လို့ တွစ်တာ စာမျက်နှာမှာ ရေးပါတယ်။

လက်မှတ်တွေက ဈေးကြီးပြီး ထိုးတာက စိတ်ပျက်စရာ ဖြစ်နေတယ်ဆိုတဲ့ ရေးသားချက်တွေကလည်း အင်တာနက် စာမျက်နှာပေါ်မှာ ပျံနှံနေပါတယ်။

ရေလွှာလျှောစီးသမား ကယ်လီ ဆလာတာက မေ၀ယ်သာဟာ မျက်လှည့်သမားလားဆိုတာနဲ့ ပတ်သက်ပြီး ငြင်းစရာမရှိပေမယ့် မာရသွန်လည်း ၀င်ပြေးသင့်တယ်လို့ ရေးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment