Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

ချစ်သူ မင်းသမီးနဲ့ ဇာတ်ကားတွေ တွဲဖက်ရိုက်ကူးဖို့ရှိတဲ့ ရဲရင့်အောင်


ချေဆိုတဲ့ အခွေကို မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ရဲရင့်အောင်က လက်ရှိမှာ ဒုတိယမြောက်ကားအနေနဲ့ Waiting For You ဆိုတဲ့ ကားလေးကို ရိုက်ကူးနေတာမို့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သိလိုသမျှ သွားရောက်မေးမြန်းကြည့်မိတဲ့အခါ "အခုရိုက်တဲ့ကားနာမည်က Waiting for you လို့ခေါ်ပါတယ်။ ကျွန်တော့်သီချင်းနဲ့ ဆက်စပ်ပြီး ရိုက်တဲ့ကားလေးပေါ့။ ဒါရိုက်တာက ကိုဝင်းလွင်ထက်၊ မင်းသမီးက နန်းဆုဦးပါ။ ဇာတ်လမ်းဇာတ်ညွှန်းက ကိုမိုးနီလွင်ပါ။ ကိုမိုးနီလွင်ပေးတဲ့ ဇာတ်လမ်းလေးက ကျွန်တော့်သီချင်းနဲ့တိုက်ဆိုင်လို့ ကျွန်တော့်သီချင်းလေးနဲ့တွဲဖက်ပြီး သုံးဖြစ်တာပါ။ ဇာတ်လမ်းလေးကတော့ သီချင်းထဲက အတိုင်းပဲ။ ကောင်မလေးကို ကိုယ်က တစ်ဖက်သတ် လိုက်ကြိုက်တာပေါ့။ သီချင်းကို ရိုက်တာမဟုတ်ပါဘူး။ ဇာတ်လမ်းလေးက တိုက်ဆိုင်နေလို့သီချင်းနာမည်လေး ပေးဖြစ်တာပါ။"လို့ သူက ပြောပြပါတယ်။
ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုတော့ သူက "ပထမဦးဆုံးရိုက်တဲ့ ကြူစီဂိမ်းဆိုတဲ့ ကားထက် ဒီကားလေးမှာ ပိုပြီး အဆင်ပြေလာတယ်။ နည်းနည်းပေါ့ပေါ့ပါးပါး ဖြစ်လာတယ်။ ပထမကားကတော့ ဆွဲအားတွေ၊ ဖိအားကြီးတွေနဲ့ပြေးနေရတယ်လို့ခံစားရပါတယ်။ ဒီကားမှာတော့ ပိုပြီး ပေါ့ပါးလာပါတယ်။ ကြူစီဂိမ်းဆိုတဲ့ ကားစရိုက်တော့မှ ကျွန်တော်မသိတာတွေ အများကြီးရှိသေးတယ်ဆိုတာကို သိလာရတယ်။ အဲ့ဒါတွေကိုလဲ ဆက်လေ့လာချင်တယ်။ သရုပ်ဆောင်ပိုင်းကိုလဲ စိတ်ဝင်စားလာတယ်။ အဲ့ဒါကြောင့် Waiting For You ဆိုတဲ့ ဒုတိယကားလေးကို ရိုက်ဖြစ်တာပါ။ သရုပ်ဆောင်ဖြစ်တာက ကိုဘိုစန်းကို အားနာလို့မဟုတ်ပါဘူး။ ကိုယ်တိုင်ကိုက စိတ်ဝင်စားလို့ပါ။ ကားရိုက်တဲ့အတွက် ကျွန်တော် အမ်တီဗီတွေ ရိုက်တဲ့အခါ ဘယ်လိုလေးအတွေ့အကြုံသစ်တွေရမလဲ သိချင်တဲ့အတွက် ကားရိုက်ခဲ့တယ်။ အစကတော့ အရမ်းစိတ်ရှုပ်ရမယ်လို့ထင်ခဲ့ပေမဲ့ ရှုတင်မှာ ပျော်ဖို့လဲ ကောင်းတယ်။ ကိုယ်တိုင်လဲ စိတ်ဝင်စားတဲ့အတွက် ဆက်ရိုက်ဖြစ်သွားတာပါ။ ကားရိုက်ပိုင်းကို ဖိလုပ်နေတဲ့အတွက် ဂီတပိုင်းနဲ့ပတ်သက်ပြီး အဲ့ဖက်ကို အားလျော့သွားမှာ စိတ်တော့ပူမိတယ်။ ဒါပေမဲ့ ကျွန်တော် သေချာလေးတော့ ခွဲထားဖြစ်တယ်။ ခုကားရိုက်နေတဲ့အချိန်မှာ Recording လုံးဝမသွင်းဘူး။ သီချင်းရေးဖို့ကြိုးစားတယ်။ သီချင်းနားထောင်တယ်။ သီချင်းနဲ့ပတ်သက်တာတွေ ခေါင်းထဲမှာ အမြဲရှိနေတယ်။ ပရိသတ်တွေကိုတော့ အခုလောလောဆယ်မှာ ကျွန်တော်ကြိုးစားထားတယ်ဆိုတာတော့ အာမခံချက်ပေးနိုင်တယ်။ ကောင်းတာ မကောင်းတာကတော့ ကြည့်ပြီးဝေဖန်ပေးပေါ့နော်။ အားနည်းချက်လေးတွေကို ဖြည့်ပြီးကြည့်ပေးပါလို့ပြောချင်တယ်"တဲ့။
ရှုတင်မှာ ကြုံ၇တဲ့အခက်အခဲနဲ့ ပတ်သက်ပြီးတော့လည်း  "ကျွန်တော့်အတွက် အခက်အခဲဆုံးအရာဆိုရင် ငိုတာပေါ့။ ကျွန်တော် မငိုနိုင်ဘူး။ ငိုရတာ ခက်တယ်။ နောက်ငိုတာနဲနဲ အဆင်ပြေလာတဲ့အခါမှာ ကောင်မလေးကို မကြူတတ်ဘူး။ ကောင်မလေးတွေနဲ့စကားပြောရင် ရှိန်နေတာမျိုးဖြစ်တယ်။ ပြီးတော့ ကြူစီဂိမ်းမှာတုန်းက ကျွန်တော် မိတ်ကပ်မလိမ်းဘူး။ ပလိန်းကြီး ရိုက်တော့ အဆင်မပြေဘူး။ ကင်မရာတွေနဲ့ပြောင်စပ်စပ် ကောင်ကြီးဖြစ်နေတယ်။ ညစ်ပတ်နေတဲ့ ပုံဆိုတော့ ဒီကားမှာတော့ မိတ်ကပ် သုံးဖြစ်တယ်။ အရမ်းကြီးတော့ မဟုတ်ပါဘူး။ ကင်မရာထဲမှာ ကြည့်ကောင်း ရုံလောက်ပေါ့။ နောက်ပြီး ခုခက်ခဲနေတာ တစ်ခုက ကင်မရာဘောင်ထဲ ရောက်သွားရင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတာပေါ့။ ဒါအဆိုတော်တွေအတွက် ခက်ခဲမဲ့အရာ တစ်ခုလို့မြင်မိတယ်။ ဒါပေမဲ့လုပ်တာကြာသွားရင်တော့ နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်။"လို့ သူက ပြောပြသွားပါတယ်။
ဒီကားပြီးရင် သီချင်းသစ်တွေရေးပြီး ချေအခွေကို အမ်တီဗီရိုက်ဖို့ပြင်ဆင်မယ်လို့ ဆိုတဲ့ ရဲရင့်အောင်က " ချေအခွေကို ဒီနှစ်ထဲမှာ ထွက်ချင်တယ်။ ဒါပေမဲ့ ဒါရိုက်တာတွေအားတာ မအားတာလဲကြည့်ရဦးမယ်ဆိုတော့ အမြန်ဆုံးတော့ အကောင်အထည်ဖော် သွားမှာပါ"တဲ့။ အခုထက်ပိုပြီးသရုပ်ဆောင်တာ အဆင်ပြေသွားတဲ့အခါမှာလဲ သူ့ချစ်သူမင်းသမီးနဲ့ဇာတ်ကားတွေ တွဲဖက်ရိုက်ဖို့စီစဉ်ထားတယ်လို့လဲသိရပါတယ် ။
http://www.trend.com.mm/2015/04/29/yollywood-6467

No comments:

Post a Comment