Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

ဘာ့ကြောင့် လက်ထပ်လက်စွပ် နှစ်ကွင်း ၀တ်ဆင်တယ်ဆိုတာ သစ္စာရှိတဲ့ ယောင်္ကျားက ခုလို ဖွင့်ဟပြောကြားသွား

Hsan Winn on 2015-05-05 16:02

ဒုတိယ လက်ထပ်လက်စွပ် ၀တ်ဆင်ခြင်းကြောင့် ဘ၀ပြောင်းလဲလာပုံကို သူစိမ်းတစ်ယောက်ကို ရှင်းပြခဲ့တဲ့ အကြောင်းလေးပါပဲ။ ကျွန်တော် လက်ထပ် လက်စွပ်နှစ်ကွင်း ၀တ်လာတာနှစ်ပေါင်း ၁၂ နှစ်ကျော်ကြာခဲ့ပါပြီ။ အဲဒီလက်စွပ် တွေ ကိုသတိပြုခဲ့တယ်။ ဒါပေမဲ့ကျွန်တော်ကို အဲဒီအကြောင်းမေးတဲ့ အခါတိုင်းပြုံးလို့၊ သက်ပြင်းချလို့ ဒါမှမ ဟုတ် ဆန်းကြည်တဲ့ အသွင်အပြင်နှင့်"ကျွန်တော်မှာမိန်းမနှစ်ယောက်ရှိပါတယ်"လို့ တုန့်ပြန် ပြောဆိုလေ့ရှိပါတယ်။

ဖြစ်စဉ်က ဒီလိုဗျာ။ မကြာခင်က စီးပွားရေးတွေ့ဆုံပွဲမှ ထွက်အလာ ကျွန်တော့်ဖုန်းထဲမှ စာအ၀င်အထွက်ကို စစ်ဆေးဖို့အတွက် စင်္ကြံလမ်းမှာ ရပ်လိုက်ပါတယ်။ ကျွန်တော် စာစစ်ဆေးနေတဲ့ အချိန်မှာ သူစိမ်းတစ်ယောက်က ကျွန်တော့်ဘေးနား ရပ်လာပြီး"ဘာကြောင့် လက်ထပ်လက်စွပ် နှစ်ကွင်းဝတ်တာလဲ မိတ်ဆွေ"လို့ မေးပါလေရော။ ကျွန်တော်လည်း"မိန်းမနှစ်ယောက်ရှိလို့ပါ" လို့ ပြန်ပြောလိုက်ပါတယ်။ ဒီတစ်ကြိမ်တော့ ရယ်လည်းမရယ်၊ သက်ပြင်းလည်း မချဘဲ ဖြေခဲ့တာပါ။ ဒါကို သူက "မဟုတ်ပါဘူး၊" လို့ပြောပြီး ဘာကြောင့်လဲလို့ ဆက်မေးပါတယ်။"

ကျွန်တော် ဆက်ရှင်းပြခဲ့တာက ကျွန်တော့်အဖေလိုလား တောင့်တနေတဲ့ ရာစုသစ်တစ်ခုမတိုင်မီ ၁၉၉၉ ခုနှစ်မှာဘဲ ကျွန်တော်အဖေ ဆုံးသွားခဲ့ပါတယ်။ အဖေ့ရဲ့ဈာပနမှာ အဖေ့ကို ကျွန်တော်တို့ နောက်ဆုံးနှုတ်ဆက်နေတဲ့ အခိုက် အသက် ၅၀ ကျော်ရှိတဲ့ ကျွန်တော့်အမေက သူ့လက်စွပ်ကို ချွတ်ပြီး ကျွန်တော့်ကို ပေးခဲ့တယ်။ ကျွန်တော်လည်း အံ့သြပြီး ကျွန်တော့်လက်ထပ်လက်စွပ်ဘေး ဘယ်ဘက် လက်ခလယ်မှာ ရွေလက်စွပ်ကို ၀တ်ဆင်ခဲ့တာ အခုထိ ဒီအတိုင်းဘဲရှိနေပါတယ်။

အဖေနှင့်မိဘနှစ်ပါးရဲ့လပ်ထပ်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အဖေ့လက်ထပ် လက်စွပ်လေးကို ၀တ်ထားတာလို့ သူစိမ်းကို ရှင်းပြခဲ့ပါတယ်။ အဖေဖြစ်စေချင်တဲ့ သားတစ်ယောက်၊ ညီအစ်ကို၊ ခင်ပွန်းနဲ့ အဖေတစ်ယောက်ဖြစ်လာဖို့ သတိပေးတဲ့အနေနဲ့လည်း အဲဒါကို ၀တ်ဆင်ထားပါတယ်။ အခုတော့ ကျွန်တော့်အသက် ၆၀ ရှိပြီး အိမ်ထောင်သက်တမ်း ၃၀ နှစ်ရှိခဲ့ပါပြီ။ ကျွန်တော်ကို မေးခွန်းတွေ မေးခဲ့တဲ့ သူစိမ်း တစ်ယောက်က ဘာတစ်ခွန်းမှပြန်မပြောဘဲ ခေါင်းတညိတ်ညိတ်နဲ့ ကားပါကင်ထိုးတဲ့ နေရာကို ဆင်းသွားပါတော့တယ်။ ကျွန်တော်လည်းဖုန်းကိုပြန်ကိုင်ကာ စာအ၀င် အထွက်စစ်ခဲ့ပါတယ်။ အဲဒီသူစိမ်းတစ်ယောက် သူဆီကိုပြန်လှည့်လာတာကို ကျွန်တော် ရိပ်ခနဲမြင်လိုက်ပါတယ်။ "လူကြီးမင်းခင်ဗျာ…..ကျွန်တော်မှာလည်း အိမ်က အံဆွဲထဲမှာ ကျွန်တော့်အဖေ လက်ထပ်လက်စွပ် ရှိပါတယ်။ ဒီနေ့ကစပြီး အဲဒီလက်စွက်ကလေးကို စ၀တ်တော့မယ်။"လို့ သူက ဆိုပါတယ်။ ကျွန်တော်လည်း ဘာမပြောညာမပြောဘဲ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီသူစိမ်းလည်း ကားပါကင်ဆီသို့ လှည့်ထွက်သွားလေပါတော့တယ်။ ကျွန်တော်ကတော့ ပြုံးလျက်ကျန်ခဲ့လေပါတော့တယ်။

Ref:rd
http://www.trend.com.mm

No comments:

Post a Comment