အေသင်အောင်
ဘီယာကိုမှ နှစ်သက်တဲ့ ဘီယာ ချစ်သူတွေ အတွက် ဖွင့်လှစ်ပေးလိုက်တဲ့ ဆိုင်ကတော့ ထူးခြားနေ တာကြောင့် စိတ်ဝင်စား စရာ ဖြစ်ခဲ့ ပါတယ်။ စားသောက်ဆိုင် တွေမှာ စည်ဘီယာတွေ ရောင်းချနေပေမယ့် အမျိုးအစားက တစ်မျိုး၊ နှစ်မျိုးထက်မပိုပါဘူး။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု၊ ကော်လို ရာဒိုပြည်နယ်ရှိ လစ်တဲလ်တွန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဘီယာဆိုင်ဟာ စည်ဘီယာ အမျိုးအစားပေါင်း (၁၇၅) မျိုးကို တစ်နေရာ တည်းမှာ ထားရှိ ပေးထား တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
စည်ဘီယာ အများစုဟာ ကော်လိုရာ ဒိုပြည်နယ်က ထွက်ရှိကြတာ ဖြစ်ပြီး၊ အခြား ပြည်နယ်တွေက ထွက်ရှိတဲ့ နာမည်ကျော် စည်ဘီယာတွေ ကိုလည်း ထားရှိပေးထား ပါတယ်။ ဒီလိုဆိုင်မျိုးကို အမေရိကန်ပြည် ထောင်စုရှိ အခြား ပြည်နယ်တွေ မှာလည်း ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။ ဒီဆိုင် မှာတော့ ကော်လိုရာဒို ပြည်နယ်က ထုတ်လုပ်တဲ့ စည်ဘီယာ အမျိုးအစား (၁၅၀)နဲ့ အခြား ပြည်နယ်တွေက ထုတ်လုပ်တဲ့ နာမည်ကျော် စည်ဘီယာ (၂၅) မျိုး ထားရှိပေး ထားပါတယ်။ ဆိုင်အထွေထွေ မန်နေဂျာ ရော်ဘီကောလင်းက တစ်မိုးအောက်တည်းမှာ ဘီယာမျိုးစုံကို ခံစားနိုင်ဖို့ ဖွင့်လှစ်ပေး ထားခြင်းဖြစ်ကြောင်း၊ ကော်လိုရာဒိုပြည် နယ်မှထွက်တဲ့ ဘီယာတွေပာာ အကောင်း ဆုံး စာရင်းဝင်ကြောင်း၊ ထို့ကြောင့် ကော်လိုရာဒို ပြည်နယ်က ဘီယာတွေ ရှေ့သို့ထိုး ထွက်နိုင်မည်ဟု မျှော်လင့် ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဘီယာ မကြိုက်တဲ့ သူတွေ အတွက်လည်း ၀ီစကီနဲ့ ဗော့ဒကာ အမျိုးအစားပေါင်း (၁၀၀) ကျော်ကိုလည်း ထားရှိပေး ထားတဲ့ အပြင် အခြားစားစရာတွေလည်း တွဲဖက်ရောင်းချပေးနေကြောင်း သိရပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=36371

No comments:
Post a Comment