Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

နိုင်ငံရေးဂယက်ထသွားရတဲ့ ကေတီပယ်ရီရဲ့ ရွှေရောင်နေကြာပန်းဝတ်စုံ



မိန်းမသားတွေဆိုတာ ပန်းလေးတွေနဲ့တင်စား ခံရသလို ပန်းလေးတွေနဲ့အပြောက်ချယ်၊ အလှဆင်ထား တဲ့ဝတ်စုံတွေကို သူတို့ဝတ်ကြတာအဆန်းတကြယ်မ ဟုတ်ပါဘူး။ဒါပေမဲ့နေကြာပန်းလှလှတွေပါတဲ့ ရွှေရောင် ဂါဝန်ကိုဝတ်ပြီးဖျော်ဖြေမိတဲ့
အဆိုတော်ကေတီပယ်ရီ ကတော့ ဒီဝတ်စုံကြောင့် တရုတ်ပြည်မကြီးက ပရိသတ် တွေကို ဆုံးရှုံးနိုင်တယ်လို့ ပရိသတ်တွေက တုံ့ပြန် လိုက်ပါတယ်။ရွှေရောင်နေကြာဂါဝန်ဝတ်ခြင်းက ကမ္ဘာ ကျော် အဆိုတော်ကေတီပယ်ရီရဲ့ ဖက်ရှင်လား၊ နိုင်ငံ ရေးလားဆိုတာကို အဓိကအငြင်းပွားနေတာကတော့ တရုတ်နိုင်ငံမှာပဲဖြစ်ပါတယ်။ ပေါ့ပ်မင်းသမီးကေတီပယ်ရီ ဟာ ထိုင်ဝမ်မှာ အဲဒီဝတ်စုံကိုဝတ်ကာဖျော်ဖြေခဲ့တာ ဖြစ်ပြီး ထိုင်ဝမ်ဟာ ပြီးခဲ့တဲ့လက နေကြာပန်းကျောင်း သားလှုပ်ရှားမှု နှစ်ပတ်လည်ကို ပြုလုပ်ခဲ့သေးကြောင်း သိရပါတယ်။
အဲဒီလှုပ်ရှားမှုဟာ အရင်နှစ်က ဖြစ်ပေါ် ခဲ့တဲ့ဆူပူမှုတစ်ခုဖြစ်ပြီး စီးပွားရေးအရ ပြည်မကြီးရဲ့ လွှမ်းမိုးမှုကို ခံရမှာကြောက်တဲ့ ထိုင်ဝမ်သားတချို့က သူတို့မကျေနပ်တဲ့သဘောတူစာချုပ်ကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြမှုမှာကျောင်းသားများပါဝင်ခဲ့ပြီးသူ တို့ဟာ မျှော်လင့်ချက်သင်္ကေတအနေ နဲ့ နေကြာပန်းများ ကို ကိုင်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုင်ဝမ် ဖျော် ဖြေပွဲမှာ ကေတီပယ်ရီရဲ့ဝတ်စုံကို နိုင်ငံရေးအရ ယူဆ ချက်နဲ့ ထိုင်ဝမ်ပရိသတ်များက သဘောကျသလောက် တရုတ်ပြည်မကြီးက ပရိသတ်တွေကို ဆုံးရှုံးရနိုင်ကြောင်း၊ ပြည်မကြီးကိုသွားဖို့ အခွင့်အရေးပင် ထပ်မရနိုင်တာဖြစ်နိုင် ကြောင်း၊ ဒါတင်မက Hong Kong က Apple Daily ဆိုက်ကလည်း တရုတ်မှာဖျော်ဖြေဖို့ ကေတီဟာပိတ်ပင်ခံရနိုင် တယ်လို့ဖော်ပြခဲ့ပါတယ်။ တချို့ပရိသတ်များကတော့ ဒါဟာ ထိုင်ဝမ်
ဒါမှမဟုတ် တရုတ် ပရိသတ်ရဲ့လိုရာဆွဲတွေးမှုလို့ပဲ ဆိုကြပါတယ်။ ပါရီဟာ မေလ တစ်ရက်နေ့မှာ မကာအိုမှာ ဖျော်ဖြေခဲ့ပြီး အဲဒီနောက် ကမ္ဘာလှည့်ဖျော်ဖြေမှုအနေနဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားကို ထွက်ခွာမှာဖြစ်ပါတယ်။

Popular Journal

No comments:

Post a Comment