Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 26, 2015

အဝေးရောက် လမင်း



အခုရက်ပိုင်းမှာတော့ လမင်းကြီးဟာ ကျနော်တို့ ကမ္ဘာမှ အဝေးဆုံးပတ်လမ်းမှာ ရောက်ရှိနေပြီဖြစ်ပါတယ်..။ ထို့အတွက်ကြောင့်မို့ လမင်းကို သာမန်အချိန်များထက် ပိုပြီး သေးငယ်စွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒါကို အင်္ဂလိပ်လို Apogee Moon (အဲပိုဂြီး) လ လို့ ခေါ်ပါတယ်။
လဟာ ကမ္ဘာကို ဘဲဥပုံစံ မကျတကျ လမ်းကြောင်းဖြင့် လှည့်ပါတ်နေတာဖြစ်တဲ့အတွက် အဝေးဆုံးနဲ့ အနီးဆုံး အချိန်တွေရှိပါတယ်။ အနီးဆုံးအချိန်မှာ ကမ္ဘာမှကီလိုမီတာ ၃၆၃၀၀၀ ရှိပြီး အဝေးဆုံးအချိန်မှာတော့ ကီလိုမီတာ ၄၀၅၀၀၀ ကွာဝေးပါတယ်။ အနီးဆုံးအကွာအဝေးရောက်ရှိချိန်ကိုတော့ Perigee (ပရီဂြီး) လို့ခေါ်ပါတယ်။ စူပါမွန်း (Super moon) ဟာ ဒီလိုအချိန်မျိုးမှာ တွေ့ရတတ်ပါတယ်။
လဟာ ကမ္ဘာကို တစ်ပါတ်ပြည့်အောင်ပတ်ဖို့ ၂၇.၃ ရက်ကြာပါတယ်။ တချိန်တည်းမှာပဲ သူ့ဝင်ရိုးပေါ်မှာ ၂၇ ရက်ကို တစ်ပတ်နှုန်းနဲ့ လည်နေတဲ့အတွက် ကမ္ဘာကကြည့်လျှင် လမင်းရဲ့ မျက်နှာပြင်တစ်ဘက်တည်းကိုသာ မြင်ရပါတယ်။
နောက်တစ်ခုကတော့ လမင်းရဲ့ နေနဲ့ တိုက်ရိုက်ထိတွေ့တဲ့အမှတ် (တနည်း) လပြည့် အမှတ်ကို ရောက်ဖို့ကတော့ ၂၉.၅ ရက် ကြာမြင်ပါတယ်။ ဒါဟာ ကျနော်တို့ ကျောင်းသင်ခန်းစာထဲမှာ သင်ခဲ့ရတဲ့ လပြည့်ရက်ပါ။
၂၀၁၅ ခုနှစ် မေလ ၂၇ ရက်နေ့မှာတော့ လမင်းဟာ ကမ္ဘာမှ ကီလိုမီတာ ၄၀၄၀၀၀ အကွာကို ရောက်ရှိနေမှာဖြစ်ပါတယ်။ ထို့အတူပဲ.. လမယ့် နယုန်လပြည့်နေ့မှာလည်း လမင်းဟာ ပတ်လမ်းဝေးတဲ့နေရာကနေ လပြည့်မှာဖြစ်လို့ လပြည့်လမင်းကို သာမန်တွေ့နေကျအရွယ်အစားထက် သေးငယ်စွာ မြင်တွေ့ရမှာပဲ ဖြစ်ပါတော့တယ်..။

အနာဂတ် ပညာရေးအတွက်
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

Post a Comment