Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 21, 2015

ခုနစ်နှစ်အရွယ် ကျောင်းသူတစ်ဦး ကျောင်းကားနောက် မီတာ ၃၀၀ အထိ တရွတ်တိုက် ပါသွားခဲ့သော်လည်း အသက်ရှင်



Girl, 7, hospitalized after getting dragged at least 300 metres by school bus

ဖရန့်ဖို့တ် ၊ ၂၁-၅-၂၀၁၅

အမေရိကန် ပြည်ထောင်စု ၊ ကင်တပ်ကီ ပြည်နယ်တွင် ခုနစ်နှစ်အရွယ် ကျောင်းသူ တစ်ဦးသည် ကျောင်းကား တစ်စီးနောက်မှ မီတာ ၃ဝဝ အထိ တရွတ်တိုက် ပါသွားခဲ့ သော်လည်း အသက်ရှင် ခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။

အဆိုပါ ကျောင်းသူသည် လူးဝစ်စ်ဗေးမြို့ ရှိ Wilkerson Traditional Elementary ကျောင်းမှ လွန်ခဲ့သည့် သီတင်းပတ် အကုန်၌ ထွက်ခွာလာ၍ လမ်းဘေးတွင် လမ်းလျှောက် လာစဉ် ၄င်း၏ ကျောပိုးအိတ်မှာ ကျောင်းကားနှင့် ညပ်မိပြီးနောက် ယင်းကား နောက်သို့ တရွတ်တိုက် ပါသွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေ များက CBS သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ကျောင်းကား မောင်းသည့် ယာဉ်မောင်းမှာ ယင်းဖြစ်ရပ်ကို သတိထား မိခြင်းမရှိဘဲ ကားကို ဆက်လက် မောင်းနှင်သွား ခဲ့သည်ဟု သိရသည်။ ထို့နောက် အခြားကား တစ်စီးက ကျောင်းကား ရှေ့တွင် ရပ်တန့်ခဲ့ပြီး ကျောင်းသူတစ်ဦး တရွတ်တိုက် ပါလာခဲ့ကြောင်း မောင်းနှင်သူကို သတိပေး ပြောကြား ခဲ့ပြီးနောက် ကျောင်းသူလေး ကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆာင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းသူလေး ၏ ခြေထောက် တစ်ဖက်မှာ ကားတွင် တရွတ်တိုက် ပါသွားခဲ့သည့် အတွက် အသားစများ ကွာကျ ခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင် မရှိကြောင်း အာဏာပိုင် များက ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ကျောင်းကား မောင်းသူ ယာဉ်မောင်းမှာ အမျိုးသမီး တစ်ဦးဖြစ်ပြီး ယခုအခါ ၄င်းကို ရဲတပ်ဖွဲ့က စစ်ဆေးလျက် ရှိကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment