Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 2, 2015

၅၇ ထပ်အမြင့်ရှိ မိုးမျှော်တိုက်ကို ၁၉ ရက်အတွင်း တရုတ်အပြီးတည်ဆောက်




Chinese construction firm erects 57-storey skyscraper in 19 days


ပေကျင်း ၊ ၂-၅-၂၀၁၅

တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုသည် နိုင်ငံ အလယ်ပိုင်းတွင် ၅၇ ထပ် အမြင့်ရှိ မိုးမျှော်တိုက် တစ်တိုက်ကို ၁၉ ရက်အတွင်း အပြီး တည်ဆောက် နိုင်ခဲ့ပြီးနောက် ၄င်းကုမ္ပဏီမှာ ကမ္ဘာ့အမြန်ဆုံး ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်လာ ခဲ့ကြောင်း သိရသည်။

The Broad Sustainable အမည်ရှိ အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီသည် ဟူနန်ပြည်နယ် ၏ မြို့တော် ချန်ရှာမြို့ တွင် ဖန်နှင့် သံမဏိတို့ဖြင့် ဆောက်လုပ်ထားပြီး ထောင့်မှန် စတုဂံပုံစံ ဖွဲ့စည်း တည်ဆောက် ထားသည့် Mini Sky City ကို ၄င်းတို့ ဆောက်လုပ်ရေး ကုမ္ပဏီ၏ မော်ဂျူး နည်းလမ်းအား အသုံးပြု၍ တစ်ရက်လျှင် သုံးထပ်နှုန်းဖြင့် ၁၉ ရက်အတွင်း ၅၇ ထပ်အမြင့်ရှိ မိုးမျှော်တိုက် ကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ရှောင်ရှန်ကန်း က ပြောကြားသည်။

သမားရိုးကျ နည်းလမ်းအတိုင်း ဆောက်လုပ်ပါက အင်ဂျင်နီယာများ အနေဖြင့် မိုးမျှော်တိုက် တစ်တိုက်ကို အုတ်ခဲများဖြင့် ဆောက်လုပ် ရမည်ဖြစ်ပြီး မိမိတို့၏ နည်းလမ်းတွင်မူ ကျောက်တုံးများ စီထားရန်သာ လိုအပ်ကြောင်း The Broad Sustainable ဆောက်လုပ်ရေး ကုမ္ပဏီမှ အင်ဂျင်နီယာ ချန်ရှန်းကျန် က ပြောကြားသည်။

အထပ် ၅၇ ထပ်ပါ Mini Sky City တွင် တိုက်ခန်း ၈ဝဝ နှင့် လူ ၄ဝဝဝ အတွက် ရုံးခန်းနေရာများ ရှိပါကြောင်း၊ တိုက်ခန်းများသည် ဘေးကင်း လုံခြုံမှု ရှိသည့်အပြင် ငလျင်ဒဏ်ကို ကြံ့ကြံ့ခံ နိုင်ကြောင်း၊ ၄င်း တိုက်ခန်းများကို မေလ အတွင်း ရောင်းချသွားမည် ဖြစ်ကြောင်း ရှောင်ရှန်ကန်း က ပြောကြားသည်။

The Broad Sustainable ဆောက်လုပ်ရေး ကုမ္ပဏီသည် အထပ် ၂၂ဝ ပါ ကမ္ဘာ့ အရှည်ဆုံး မိုးမျှော်တိုက် တစ်တိုက်ကို သုံးလအတွင်း တည်ဆောက်နိုင်ရန် အတွက် လက်ရှိတွင် အာဏာပိုင် များ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းလျက် ရှိကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment