Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

မြေဝယ်ရာမှ တန်ဖိုးကြီး ရှေ့ဟောင်းကား အမြောက်အများတွေ့




နယူးရောက်မှ အငြိမ်းစားကြီးတစ်ဦးဟာ ပင်စင်ငွေများဖြင့် ပေါ်တူဂီရှိ ဂိုတောင်တစ်လုံးပါရှိတဲ့အမွှေခံမြေကို ဝယ်ယူခဲ့ရာမှ တန်ဖိုးအလွန်ကြီးမားတဲ့ရှေ့ဟောင်းကား အမြောက်အများကို တွေ့ရှိခဲ့ပါတယ်။
အငြိမ်းစားကြီးဟာ ပင်စင်ပိုက်ဆံများ အလာဟတ်သတ် မဖြစ်စေရန်အတွက် ပေါ်တူဂီရှိ 15 နှစ်လုံးလုံး အသုံးမပြုခဲ့သော ဂိုတောင်ဟောင်းပါတဲ့မြေကိုဝယ်ယူခဲ့တာပါ။ မြေကိုပိုင်ဆိုင်ခဲ့တဲ့ပိုင်ရှင်နှင့်သူရဲ့ဇနီးတို့က သေဆုံးသွားပြီဖြစ်ပြီး လက်ရှိပိုင်ရှင်က အခွန်ငွေပေးဆောင်ရန်အတွက် ယင်းမြေကို ရောင်းချခဲ့တာပါ။
ပိုင်ရှင်က ဒီမြေဟာ မြို့စပ်တွင်ရှိတဲ့အတွက် သွားလာရာ အပိုကုန်ကျစရိတ် ကုန်မှာစိုးတဲ့အတွက် တစ်ခါမှပင် လာရောက်ခဲ့ဖူးခြင်းမရှိခဲ့သလို မည်သူတစ်ဦးတစ်ယောက်ကမှလည်း ဂိုထောင်ဟောင်းကြီးကို ဖွင့်ခဲ့ခြင်းမရှိခဲ့ဘူးဟု ဆိုပါတယ်။
ပင်စင်စားကြီးဟာ မြေဝယ်ယူပြီး မြေရှိရာသို့လာရောက်လည်ပတ်ခဲ့ရာ ဂိုထောင်ဟောင်းကြီးကို သံမဏိတံခါးဖြင့် ဂဟေဆက် ပိတ်ထားတာကို တွေ့ရှိပြီး သူရဲ့ဇနီးနှင့်အတူ တံခါးကြီးကို ဂဟေစက်များဖြင့် ကြိုးစားဖွင့်ခဲ့ရာမှ အတွင်းတွင် အလွန်တန်ဖိုးကြီးတဲ့ရှေ့ဟောင်းကားများကို ဂိုတောင်ပြည့်တွေ့ရှိခဲ့တာပါ။
ကမ္ဘာကျော် နှစ်ချို့ကားများဖြစ်တဲ့Mercedes Benz, Ford, Astin Martin, Lotus, Porsche, Peugeot, BMW, Chryslers စတဲ့တန်ဖိုးကြီးပြီး ရှေ့ကျပေ့ဆိုတဲ့ကားများနှင့် အခြားသော ဘရမ်းမြောက်စွာ ပါဝင်ပါသေးတယ်။ ဂန္ထဝင်ကားများရဲ့စုစုပေါင်းတန်ဖိုးဟာ တန်ကြေး ဒေါ်လာ 35 သန်း ဝန်းကျင်ရှိမယ်လို့ကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်း သိရပါတယ်။
Ref : curiousread
Colay Automobile.

ကံထမ်းလာတာမမြင်ရ၊လှံထမ်းလာတာ မြင်ရဆိုတဲ့အဖြစ်အပျက်။...

Posted by The Melting Pot 4 U on Monday, 4 May 2015

No comments:

Post a Comment