Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

ဘူရွန်ဒီမှာ အာဏာသိမ်းကြောင်း ဗိုလ်ချုပ်တစ်ဦး ကြေညာ


မြို့တော် ဘူဂျမ်ဘူရာမှာ ဆန္ဒပြသူတွေ အောင်ပွဲခံနေ။ 


ဘူရွန်ဒီ နိုင်ငံမှာ တတိယ သက်တမ်းအတွက် ထပ်အရွေးခံဖို့ ရှိတဲ့ သမ္မတ Pierre Nkurunziza ကြောင့် မတည်ငြိမ်မှုတွေ ဖြစ်ပေါ် နေချိန်မှာ ဘူရွန်ဒီရဲ့ စစ်ဗိုလ်ချုပ် တစ်ဦးက သမ္မတကို ဖြုတ်ချ လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

ဗိုလ်ချုပ် Godefroid Niyombareh က နိုင်ငံတော် ကယ်တင်ရေး ကော်မီတီ တစ်ခုကိုလည်း ဖွဲ့စည်းလိုက်ပြီလို့ ပြောပေမယ့် သူ့အပေါ် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြို့တော် ဘူဂျမ်ဘူရာမှာ ဆန္ဒပြနေခဲ့တဲ့ ထောင်နဲ့ချီတဲ့ လူတွေဟာ အခုတော့ အောင်ပွဲ ခံနေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

သမ္မတ Nkurunziza က လောလောဆယ်မှာ တန်ဇနီးယား နိုင်ငံမှာ ရောက်နေပြီး အရှေ့ အာဖရိက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲ တက်နေပါတယ်။

သမ္မတရဲ့ လက်ထောက်ကတော့ အခုလို အာဏာသိမ်းတယ် ဆိုတဲ့ ကြေညာချက်ဟာ ပြက်လုံးတစ်ခုသာ ဖြစ်တယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment