Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

အိုင်းစတိုင်း ရဲ့ ဦးနှောက်ကို လူထု လေ့လာနိုင်ရန် ပြသမည်



ထင်ရှားကျော်ကြားတဲ့ ပညာရှင်ကြီး အိုင်းစတိုင်း ကွယ်လွန်ပြီး နှစ် ၆၀ အကြာမှာ အိုင်းစတိုင်းရဲ့ ဦးနှောက် အလွှာ လိုက်ကို လူထုလေ့လာခွင့် ရရှိစေရန် ပြသထားတော့မှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ၊ Pennysylvia ပြည်နယ် Philadelphia မြို့ မှာ ရှိတဲ့ The Mutter ပြတိုက်မှာ အိုင်းစတိုင်းရဲ့  ဦးနှောက် အ လွှာ တွေ ကို ပြသထားမှာဖြစ်ပြီး လူထု အနေနဲ့ ထိုပြတိုက်တစ်ခုတည်းမှာ ပဲ အိုင်းစတိုင်းရဲ့  ဦးနှောက် ဂရေးမတ်တ်တာ(Grey Matter) ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
 ၁၉၉၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ က နယူဂျာစီ ပြည်နယ် ၊ ပရင်စီတန် ဆေးရုံမှာ အိုင်းစတိုင်း ကွယ်လွန် စဉ် က ရောဂါဗေဒ ပညာရှင် Thomas Harvey က အိုင်းစတိုင်းရဲ့  ဦးနှောက်ကို ယူထား ခဲ့ပြီးတဲ့နောက် အခုမှ အလွှာ လိုက် လှီးဖြတ်ပြီး အိုင်းစတိုင်းရဲ့  ဦးနှောက်ကို လူထု လေ့ လာနိုင် ရန် ပြတိုက် မှာ ပြသခဲ့ တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ 
အိုင်းစတိုင်းက သူ မသေဆုံးခင်တုန်းက သူ့ရဲ့ ဇီဝဗေဒ ပညာရှင်ကို သူသေလျှင် မီးရှို့ သဂြိုလ် ပေးဖို့  မှာကြား ခဲ့ပြီး အိုင်းစတိုင်းရဲ့ အသုဘ အခမ်းအနား ပြီးဆုံးပြီးတဲ့နောက် အိုင်းစတိုင်းရဲ့ အရိုးပြာတွေကို Delaware မြစ် ထဲသို့ ကျဲပြီး စွန့်ပစ်ခဲ့ပေမယ့် အိုင်းစတိုင်းရဲ့  ဦးနှောက်နဲ့ မျက်လုံးတော့ မပါဝင်ခဲ့ဘူးလို့ သိရ ပါတယ်။ အဲဒီနောက်ရောဂါဗေဒ ပညာရှင် က ထို အိုင်းစတိုင်းရဲ့ ဦးနှောက်ကို Pennysylvia သို့ ယူဆောင် လာခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ အာရုံကြော ပညာရှင်တွေ ထံသို့ ပို့ဆောင်ကာ အလွှာလိုက် လှီးဖြတ်စေ ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

Credit : http://www.dailymail.co.uk/news
http://knowledge.thithtoolwin.com/2015/05/blog-post_4.html

No comments:

Post a Comment