Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

ပလောင်နှင့်အစိုးတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား


ဓာတ်ပုံ - TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာကျေးရွာအနီးမှာ တအာင်း-ပလောင်တပ်မတော် (တီအန်အယ်လ်အေ) နဲ့ မြန်မာစစ်တပ်တို့ မေ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တီအန်အယ်လ်အေ ပြန်ကြားရေးအရာရှိ မိုင်အိုက်ကျော်က “အဓိကကတော့ ထိုးစစ်ကြောင့် ဖြစ်တာပေါ့နော်။ ဖြစ်တဲ့အချိန်က ညနေ ၃ နာရီ ၁၃ လောက်ကနေ ၄ နာရီခွဲအထိဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေက သူတို့ရဲ့ တပ်ဖွဲ့လုပ်ငန်း ဆောင်ရွက် နေတဲ့အချိန် မနက် ၇ နာရီခွဲလောက်ကနေစပြီးတော့မှ  နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ က အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ။ ၃ နာရီလောက်ရောက်တဲ့ အချိန်ကျတော့ သူတို့ ကျနော်တို့ အဖွဲ့ရှိတဲ့နေရာကို ချီတက်လာတယ်။ ချီတက်တဲ့အချိန်မှာပဲ ကျနော်တို့ အဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။”

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု မသိရသေးဘူးလို့လည်း ပြောပါတယ်။

တိုက်ပွဲမဖြစ်ခင် မနက်ပိုင်းမှာ တအာင်း-ပလောင်တပ်မတော်အဖွဲ့ကနေ မူဆယ်-မန္တလေး လမ်းမပေါ်မှာ မော်တော်ကားတွေ အခွန်ကောက်ခံမှုတွေ လုပ်ဆောင်ခဲ့ပါ တယ်။

ဓာတ်ပုံ - TNLA

“အဓိက ကောက်ခံတဲ့အကြောင်းအရင်းကတော့ ကျနော်တို့အဖွဲ့ရဲ့တော်လှန်ရေး ရန်ပုံငွေလို့ ပြောရမှာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီ ၂၀၁၄-၁၅မှာ  ကျနော်တို့ ဒေသမှာ အစိုးရစစ်တပ်တွေက ထိုးစစ်ဆင်မှု တအားများလာတယ်။ ပြီးရင် တိုက်ပွဲတွေ တအားများလာတဲ့အတွက် ကျနော်တို့ လမ်းမပေါ်တက်ပြီး အခွန်ကောက်ခံ တာဖြစ်တယ်။”

ကားတွေကို ၁ သောင်းကနေ ၁ သိန်းလောက်အထိ ကောက်ခံပြီး မပေးနိုင်သူတွေ ကိုတော့ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့နေ့က သူတို့တပ်ဖွဲ့တွေ အခွန်ကောက်နေတဲ့ ၂ မိုင်လောက်ဝေးတဲ့ နေရာမှာဖြစ်တာလို့လည်း မိုင်အိုက်ကျော်က ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် တအာင်း-ပလောင်အဖွဲ့နဲ့တော့ အပစ်ရပ်တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်ခဲ့သေးပါဘူး။

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့ (အန်စီစီတီ) တို့အကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရစစ်တပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ပြေးဒုက္ခသည်တွေလည်း တိုးပွားနေပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no

No comments:

Post a Comment