Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

လူပွဲစားများ အုပ်စုလိုက် ရန်ပြုတိုက်ခိုက်၍ ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားတစ်ဦး သေဆုံး

Tuesday, May 19, 2015
ထိုင်းနိုင်ငံ ကန်ချန်နာဘူရီခ ရိုင်၊ ထာ့မကာမြို့နယ်ရှိ VITA နာ နာတ်သီး စက်ရုံမှ မြန်မာလုပ်သား တစ်ဦး မြန်မာလူပွဲစားများ၏ အုပ်စုလိုက် ရန်ပြုတိုက်ခိုက်ခြင်းခံ ရ၍ သေဆုံးသွားကြောင်းသတင်း ရရှိသည်။
မေလ ၁၇ ရက် ညက VITA နာနာတ်သီး စက်ရုံတွင် လုပ်ကိုင် သော အသက်(၂၅)နှစ် အရွယ် ကိုနိုင်ဝင်းကို အဆိုပါစက်ရုံ အ နီးတွင် နေထိုင်ကြသည့် မြန်မာ လူပွဲစားအနည်းဆုံးလေးဦးခန့် က အုပ်စုလိုက်သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ပြီး ကိုနိုင်ဝင်းအား သတ်ဖြတ် သူအုပ်စုထဲမှတစ်ဦးကို ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။
‘‘မနက် ၁နာရီခွဲလောက်မှာ ကျွန်မခင်ပွန်းရောက်လာတယ်။ ထားဝယ်တွေ ၀ိုင်းထိုးကြတယ်။ ငါအောင့်နေတယ်လို့ ပြောတယ်။ သွေးတွေက ပန်းထွက်နေတာ။ မနက် ၈ နာရီလောက်မှာ ဆေးရုံ မှာဆုံးသွားတာ’’ဟု သေဆုံးသူ ကိုနိုင်ဝင်း၏ ဇနီးမဇာဇာစိုးက ပြောသည်။
လူသတ်တရားခံများ ထပ်မံ ဖမ်းဆီးနိုင်ရေးအတွက် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ အကူအ ညီတောင်းခံနိုင်ရန် သေဆုံးသူ၏ ဇနီးမဇာဇာစိုးအား ဘန်ကောက် မြို့သို့ ခေါ်ဆောင်ထားကြောင်း ဦးကျော်သောင်းက ပြောသည်။
‘‘အခုဖြစ်တဲ့ နာနာတ်သီး စက်ရုံနားက မြန်မာလူပွဲစားလူ မိုက်တွေနေတာ။ အခုလည်း ဖြစ် စဉ်ကို စုံစမ်းကြည့်တော့ လူပွဲစား တွေ သတ်လိုက်တာလို့သိရတယ်။ အဖမ်းခံထားရတဲ့သူရဲ့ မိဘတွေ ကလည်း ကျွန်တော့်ကို အကူအ ညီတောင်းထားတယ်။ သူတို့ကို လည်း ဘန်ကောက်လာခဲ့ပါလို့ ပြောထားတယ်။ သေဆုံးသူတွေ ရဲ့ မိသားစုကိုလည်း သံရုံးရဲ့အ ကူအညီရအောင် လာဖို့ခေါ်ထား ပါတယ်’’ဟု ဦးကျော်သောင်းက ပြောသည် ။
သေဆုံးသူ ကိုနိုင်ဝင်းမှာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကရောပိကျေးရွာမှဖြစ်ပြီး ကွယ် လွန်ချိန်တွင် ဇနီးမဇာဇာစိုးနှင့် သားသမီး တစ်ဦးကျန်ရစ်ကြောင်း နှင့် မြန်မာလူပွဲစားများက မည် သည့်အတွက်ကြောင့် သတ်ဖြတ် သည်ကိုမူ မသိရသေးကြောင်း ဦး ကျော်သောင်းက ပြောသည်။
7Day Daily

No comments:

Post a Comment