Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

Ant-Man (2015)





ဒီ ပုရွက်ဆိပ်လူသားဆိုတာကတော့ မြန်မာပရိဿတ်နဲ့ နည်းနည်းစိမ်းမယ်ထင်တာပဲ။
July 17 မှာ ရုံတင်တော့မှာဆိုတော့ နည်းနည်းပါးပါး မိတ်ဆက်ပေးချင်ပါတယ်။

သူ့နာမည် အပြည့်အစုံက Dr. Henry Jonathan "Hank" Pym ပါတဲ့။ အင်မတန် ဉာဏ်ကြီးတဲ့ သိပ္ပံပညာရှင်တစ်ယောက်ပေါ့။

Pym particles ဆိုတာကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း သူရဲ့ခန္ဓာကိုယ်ကို ပုရွက်ဆိပ်အရွယ်လောက်လည်း ကျုံ့လိုက်လို့ရသလို ပေ ၁၀၀ လောက်မြင့်တဲ့ လူ့ဘီလူးကြီးအရွယ်လောက် ဖြစ်အောင်လည်း ဖန်ဆင်းလို့ရပါသတဲ့။ သူ့ခန္ဓာကိုယ်အရွယ်အစားကို အဲ့လိုပြောင်းလို့ရသလို သူ့ရဲ့ ဝတ်စုံ Pym's Costume ကလည်း သူ့ခန္ဓာကိုအရွယ်အစား ပြောင်းတဲ့အတိုင်း လိုက်ပြောင်းနိုင်အောင် unstable molecules နဲ့ ဖွဲ့စည်းထားတဲ့ synthetic stretch fibre နဲ့ အထူးစီမံ ချုပ်လုပ်ထားပါတယ်။

အဲ့လို အရွယ်အစားကို လိုသလိုပြောင်းနိုင်တဲ့ပါဝါကို သူ့ ခန္ဓာကိုယ်တင်မကဘူး တခြားအရာဝတ္ထုများအပေါ်မှာလည်း အသုံးချနိုင်ပါသေးတယ်။

သူ့ဝတ်စုံမှာ အတောင်ပံတွေပါပြီး မိုးပေါ်ပျံနိုင်သလို သူဝတ်ဆင်တဲ့ cybernetic helmet ကနေတဆင့် ပုရွက်ဆိပ်တွေနဲ့ ဆက်သွယ်စကားပြောနိုင်ပြီး ပုရွက်ဆိပ်တွေကို လိုသလို ထိမ်းချုပ်နိုင်ပါသတဲ့။

ပုရွကိဆိပ်အရွယ်လောက် သေးအောင်လုပ်ထားတဲ့အချိန်မှာလည်း ပုံမှန်အရွယ်တုန်းကရှိတဲ့ ခွန်အားမျိုးရှိပြီးတော့ လူ့ဘီလူးအရွယ် ဖန်ဆင်းလိုက်တဲ့အချိန်မှာတော့ အင်မတန်ကြီးမားတဲ့ ခွန်အားကို ရရှိပိုဆိုင်နိုင်ပါသတဲ့။

နောက်ပြီး marval comic ဇာတ်လမ်းတွဲတွေအရ Ant-Man ဟာ Avangers အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ကဲ သူတို့ဆီမှာတော့ July 17 ဆိုရင် ရုံတင်ပြီတဲ့ဗျာ။

No comments:

Post a Comment