Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 17, 2015

American Idol အစီအစဉ်ရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ဝေဖန်မှုတွေ သက်သာသွား စေမယ့် ၀တ်စုံ ကို ၀တ်ဆင်ခဲ့တဲ့ Jennifer Lopez



American Idol ဖိုင်နယ် ပွဲစဉ်ကိုတက်ရောက်လာတဲ့ J.Lo


ပေါ့ပ် ဘုရင်မ Jennifer Lopez ဟာ American Idol အစီအစဉ်ရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ဝေဖန်မှုတွေ သက်သာသွား စေမယ့် ၀တ်စုံ ကို ၀တ်ဆင်ခဲ့ပါတယ်။

Dolby Theatre ကို ရောက်လာတဲ့ American Idol အစီအစဉ်ရဲ့ ဒိုင်လူကြီး Jennifer Lopez ဟာ သူမရဲ့ ထုံးစံအတိုင်းပဲ ပါးလွှာတဲ့ ဂါဝန်အရှည်ကိုပဲဝတ်ဆင်ခဲ့တာပါ။

ပါးလွှာတဲ့ ဂါဝန်ရဲ့အောက်က သူမရဲက ခန္ဓာကိုယ်အလှကိုတော့ အနက်ရောင် ဘောင်းဘီတို တစ်ထည်နဲ့ ဘရာစီယာကို ၀တ်ဆင်ပြီး ဖုံးအုပ်ကာကွယ်ထားပါတယ်။

အမှန်တော့ J.Lo ဟာ American Idol သီချင်းဆိုပြိုင်ပွဲရဲ့ ၁၄ ခုမြောက် ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Nick Fradiani ကို ဂုဏ်ပြုဖို့လာရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ 

အခုချိန်ထိ လှပနေသေးတဲ့ အသက် ၄၅ နှစ်အရွယ် ပေါ့ပ် ဘုရင်မဟာ သူမရဲ့ Twitter စာမျက်နှာမှာလည်း Nick Fradiani အတွက် ချီးကျူးထားတဲ့ စာသားတွေကို ရေးသားခဲ့ပါသေးတယ်။ နောက်နှစ် Las Vegas မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ်လို့ ပြောထားတဲ့ J.Lo ဟာ American Idol ရဲ့ ဖိုင်နယ်ပွဲစဉ်မှာလည်း Rihanna ရဲ့ Diamond သီချင်းကို သီဆိုဖျော်ဖြေခဲ့သေးတယ်လို့ သိရပါတယ်။

Ref : Mirror
http://celebrity.thithtoolwin.com/2015/05/american-idol-jennifer-lopez.html

No comments:

Post a Comment