Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

2015 Billboard Music Awards ပွဲမှာ Mariah Carey ကို ချေ လိုက်တဲ့ Jennifer Lopez


2015 Billboard Music Awards ပွဲသို့တက်ရောက်လာတဲ့ J.Lo ရဲ့ ဖက်ရှင်


ပေါ့ပ် ဘုရင်မ Jennifer Lopez ဟာ ၂၀၁၅ခုနှစ် Billboard ဂီတဆုပေးပွဲမှာတုန်းက ရှေ့ဆုံတန်း နေရာမှာ Taylor Swift ၊ Calvin Harris တို့နဲ့ အတူ ထိုင်နေခဲ့ပြီး Mariah Carey စင်ပေါ်မှာ ဖျော်ဖြေနေတုန်းကတော့ သူမရဲ့ ဖုန်းကိုသာ အသုံးပြုနေပြီး ဖျော်ဖြေမှုကို လုံးဝမကြည့်ခဲ့ပါဘူးတဲ့။

သီချင်းပြီးဆုံးသွားတဲ့အခါမှာတော့ သူမ ဟာ လက်ခုပ် တစ်ချက်နှစ်ချက် သာ တီးခဲ့တယ်လို့ သိရပါတယ်။
Mariah Carey ဟာလည်း စင်ပေါ်မှာ သာမာန် သီဆိုဖျော်ဖြေမှုမျိုးမဟုတ်ပဲ ပွဲမတိုင်ခင်က နေမကောင်းဖြစ်ထားတာကြောင့် သူမဟာ ကောင်းမွန်တဲ့ အသံ မျိုးနဲ့ မဖျော်ဖြေနိုင်ခဲ့ဘူးလို့ ပွဲကို သွားရောက်ကြည့်ရှုခဲ့သူတွေက ဆိုပါတယ်။
အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ mariah Carey ဟာ ၁၉၈၉ ခုနှစ်ကတည်း Billboard ဆုပေးပွဲတွေမှာ မဖျော်ဖြေဖြစ်တော့ပဲ အခုလို ပြန်လည် ဖျော်ဖြေတဲ့ အချိန်မှာတော့ သူမရဲ့ အကောင်းဆုံး သီချင်းဖြစ်တဲ့ Vision Of Love နဲ့ Infinity ဆိုတဲ့ သီချင်းအသစ်တို့ကို ကောင်းမွန်တဲ့ အသံနဲ့ မဖျော်ဖြေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
Mariah Carey တစ်ယောက် Notes ခပ်မြင့်မြင့်တွေကို အားစိုက်ပြီး ပီပြင်အောင်သီဆိုနေချိန်မှာတော့ သူမနဲ့ သက်တူရွယ်တူ အဆိုတော် တစ်ယောက်ဖြစ်တဲ့ Jennifer Lopez က အင်တာနက်မှာ တက်လာတဲ့ ဓါတ်ပုံတွေကို ကြည့်ရှုနေခဲ့ ပြီး Mariah ကို ချေ လိုက်တာပဲ ဖြစ်ပါတယ်။
ထိုပွဲကို အသက် ၄၅ နှစ်အရွယ် အဆိုတော်ကြီး ၂ ယောက် ဖက်ရှင်ပိုင်းမှာတော့ အပြိုင်အဆိုင်ဝတ်ဆင်လာကြပါတယ်။ J.Lo က အဖြူရောင် ဇာအပါးလေးနဲ့ ချုပ်လုပ်ထားတဲ့ ညနေခင်းပွဲတက်ဝတ်စုံကို ၀တ်ဆင်ခဲ့ပြီး Mariah Carey ကတော့ မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ခဲ့တာကိုတွေ့ရပါတယ်။
နေမကောင်းတဲ့အတွက် အသံပိုင်းဆိုင်ရာ လွဲချော်မှုတွေရှိခဲ့တဲ့ Mariah Carey
Ref : Mirror
http://celebrity.thithtoolwin.com/2015/05/2015-billboard-music-awards-mariah.html

No comments:

Post a Comment