Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 22, 2015

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတ အဖြစ် ရွေးကောက်ခံနိုင်ရန် အတွက် လှုပ်ရှားနေတဲ့ Waka Flock Flame


အတ္တလန်တာ မြို့သား ရပ်ပါ Waka Flocka Flame ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ခံနိုင်ရန်အတွက် လှုပ်ရှားနေတယ်လို့ တရားဝင် ထုတ်ဖော်ကြေညာ လိုက်ပါတယ်။

သူဟာ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲကာလမှာ တုန်းကလည်း ၂၀၁၆ ခုနှစ်အတွက် အမေရိကန် သမ္မတ အဖြစ် ၀င်ရောက်ရွေးကောက်ခံမယ်လို့ Twitter မှာ ရေးသားခဲ့ဖူးပါတယ်။ အခုတစ်ခေါက် သူ့ရဲ့ ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ရာမှာတော့ သူ့ရဲ့ အဓိက ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ဟာ ဆေးခြောက်ကို တရားဝင် ဖြစ်အောင်ပြုလုပ်ဖို့ပါ။

ဒါ့အပြင် သူဟာ ဆိုက်ဇ် ၁၃ ထက်ကြီးတဲ့ ခြေထောက်ပိုင်ရှင်တွေကို လူထုကြားထဲမှာ လမ်းလျှောက်ခွင့်ပေးမှာ မဟုတ်ပဲ ရထားနဲ့ ဘတ်စ်ကားတွေသာ စီးခွင့်ပေးမှာဖြစ်သလို စားသောက်ဆိုင်အားလုံးမှာလည်း တိရိစ္ဆာန်တွေ ကို ရှိနေခွင့်မပေးဘူးလို့ ဆိုပါတယ်။

Waka Flock Flame ဟာသူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ဦးဖြစ်တဲ့ DJ Whoo Kid နဲ့အတူ လှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပြီး ဆေးခြောက်သောက်သုံးသူတွေရဲ့ အထိမ်းအမှတ်တစ်ခုဖြစ်တဲ့ 420 နေ့ ဧပြီလ ၂၀ ရက်နေ့မှာ Rolling Stone မဂ္ဂဇင်းအတွက် ဗီဒီယို အင်တာဗျူးကတစ်ဆင့် ထုတ်ဖော်ကြေညာ ခဲ့တာပဲဖြစ်ပါတယ်။

420 နေ့ဟာ ကယ်လီဖိုးနီးယားပြည်နယ် San Rafael အထက်တန်းကျောင်းက ဆေးခြောက်သောက်သုံးသူ တွေ စတင်တွေ့ဆုံမိပြီး အတူတူ ဆေးခြောက်သောက်သုံးခဲ့တဲ့ အချိန်ကို အစွဲပြု ပြီး ဆေးခြောက် သောက်သုံးသူ အားလုံးက ပူးပေါင်းသတ်မှတ် ကျင်းပခဲ့ကြတဲ့နေ့တစ်နေ့ ဖြစ်တယ်လို့ သိရပါတယ်။

trend myanmar

No comments:

Post a Comment