Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 9, 2015

အမေရိကမှာ ကျောင်းသားတွေ Twitter သုံးပြီး စာမေးပွဲခိုးချ ဖြေဆို


အမေရိက,က အထက်တန်းကျောင်းသားနှစ်ဦးဟာ Twitter သုံးပြီး အထက်တန်းစာမေးပွဲမှာ ခိုးချဖြေဆိုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

သို့ပေမယ့် အဆိုပါကျောင်းသားတွေရဲ့ အမည်နာမနဲ့ ကျောင်းကို ဖော်ပြထားခြင်းမရှိကြောင်း Reuters သတင်းအရ သိရပါတယ်။

Twitter ၊ Instagram နဲ့ Facebook အပါအဝင် လူမှုမီဒီယာကို ရှာဖွေဖို့ test company မှ ငှားထားတဲ့ လုံခြုံရေးကုမ္ပဏီမှ grade 10th ကျောင်းသားများ ခိုးဖြေတဲ့ နမူနာတွေ တွေ့ရှိခဲ့တယ်လို့ Maryland ပြည်နယ် ပညာရေး ဝန်ကြီးဌာနက ပြောဆိုခဲ့တယ်။

ဒါဟာ အနီးနားချင်း ခေတ်မီတဲ့ ခိုးချမှုပုံစံဖြစ်ကြောင်း Reuters က ကိုးကားဖော်ပြခဲ့တယ်။

တင်ထားတဲ့ ပို့စ်တွေမှာ အင်္ဂလိပ်စာမေးခွန်းတစ်ခှမှ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ ၄င်းကျောင်းသားတွေကို ရှာဖွေတွေ့ပြီး Twitter ပေါ်မှ ချက်ချင်းဖြုတ်ချခံခဲ့ရပါတယ်။

Maryland၊ Comlumbia နဲ့ အခြားပြည်နယ် ၁၀ ခုက ကျောင်းသားတွေကလည်း ဒီနွေဦးမှာ (၁)လ course အကုန် အွန်လိုင်းစာမေးပွဲ စစ်ဆေးမှုကို ဖြေဆိုနေကြတာ ဖြစ်ပါတယ်။

ပြည်နယ် ၆ ခုမှာ ကျောင်းသားတွေ ဒီစားမေးပွဲ ဖြေဆိုတဲ့ အသုတ်မှာ tests နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အွန်လိုင်းပေါ်တင်တဲ့ဖြစ်ရပ် ၇၆ ခု တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

trend myanmar

No comments:

Post a Comment