Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 21, 2015

Miss Earth Myanmar 2015 အတွက် သရဖူ ကျပ်သိန်း ၁၅၀ အကုန်ကျခံ ပြုလုပ်

Written by  ပန်းမြတ်ဇော်

ရန်ကုန် (မဇ္ဈိမ)။ ။ Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ အဓိက သရဖူ ဖြစ်သည့် Miss Earth Myanmar သရဖူကို ကျပ်သိန်း ၁၅၀ အကုန်ကျခံပြီး ထိုင်းနိုင်ငံတွင် ပြုလုပ်လျက်ရှိကြောင်း Miss Golden Land Myanmar Organization ၏ ဒါရိုက်တာ တစ်ဦးဖြစ်သည့် ကိုဝေယံအောင်က မဇ္ဈိမကို ပြောသည်။
Miss-Golden-Land-Myanmar-2015

၂၀၁၄ ခုနှစ်တွင် ကျင်းပ ပြုလုပ် ခဲ့သည့် Miss Golden Land ၏ သရဖူ ဒီဇိုင်းများကို အားမရသူ များသည့်အတွက် အဖွဲ့အစည်းအနေဖြင့်  ယခုနှစ်တွင် ယခင် ဒီဇိုင်းများကို  မသုံးတော့ဘဲ သရဖူများ အားလုံးကို ဒီဇိုင်းအသစ် ပြောင်းလဲမည် ဖြစ်သည်။
Miss Golden Land Myanmar Organization ၏ ဒါရိုက်တာ တစ်ဦးဖြစ်သည့် ကိုဝေယံအောင်က "သရဖူ တွေ အကုန်လုံးကို ထိုင်းနိုင်ငံက International Crown ပြုလုပ်တဲ့ နေရာမှာ အပ်ထားပါတယ်။ ပြိုင်ပွဲဝင်တွေကို ဧပြီ ၂၅ရက်ဆို စပြီး Training တွေ လုပ်ပေးတော့မှာပါ" ဟု ပြောသည်။
အဓိက သရဖူကို ကျပ် သိန်း (၁၅၀) အကုန်အကျခံ ပြုလုပ်ထားပြီး အခြား Miss Myanmar လေးဦးအတွက် သရဖူများကို တစ်ခုလျှင် ငွေကျပ် သိန်း ၃၀ စီ အကုန်ကျခံ ပြုလုပ် ထားသည်ဟုလည်း ကိုဝေယံအောင်က ပြောသည်။
ကျပ် သိန်း ၁၅၀ တန်ဖိုးရှိသည့် Miss Earth Myanmar သရဖူ ကို မြန်မာ့ အဖိုးတန် တွင်းထွက် ရတနာများ ဖြစ်သည့် "ပတ္တမြား"၊ "ကျောက်စိမ်း"၊ "ပုလဲ" တို့ဖြင့် စီခြယ်ကာ မြန်မာမှု ဗိသုကာလက်ရာ ကနုတ်ပန်းများ၊ အဆောက်အဦး ပုံသဏ္ဍန်တို့ ထည့်သွင်းသည်။
Miss Golden Land Myanmar 2015 အလှမယ် ပြိုင်ပွဲ အတွက် နောက်ဆုံး ဆန်ခါတင် အလှမယ် အယောက် ၃၀ ရွေးချယ်ပွဲကို ဧပြီ ၈ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ အလှမယ်ပြိုင်ပွဲ ငါးပွဲအတွက် Miss Myanmar ငါးဦး ရွေးချယ်မည့် Miss Golden Land Myanmar 2015 အလှမယ် ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် မေလ နှင့် ဇွန်လတို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Charity & Tourism Promoting Trip ကို မေလ ဒုတိယပတ် တွင် စတင်မည်ဖြစ်ပြီး နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ သွားရောက်ကြမည် ဖြစ်သည်။
ခရီးစဉ်အတွင်း Miss Golden Land Myanmar 2015 အလှမယ် ၃၀ ယောက်သည် အကြိုပဏာမ ပြိုင်ပွဲများကို ယှဉ်ပြိုင်သွားကြရမည်ဖြစ်ပြီး ပရဟိတ လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းမြှင့်တင်းရေး အစီအစဉ်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး အစီအစဉ်များကို လုပ်ဆောင်သွားကြမည် ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/43311-miss-earth-myanmar-2015

No comments:

Post a Comment