Rocawear အမှတ်တံဆိပ် အ၀တ်အစား ထုတ်လုပ်ရေး လုပ်ငန်းရဲ့ ပိုင်ရှင် ရပ်ပါ
Jay-Z ဂီတ ၀န်ဆောင်မှု App တစ်ခုကို ၀ယ်ယူလိုက်ပြီးတဲ့နောက် ဂီတ လောကမှာ
အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်လို့ လာပါပြီ။ ဒီဂီတ ၀န်ဆောင်မှု ကတော့
အဆိုတော်တိုင်းဆီကို အကျိုးအမြတ်တွေ တိုက်ရိုက် ရောက် ရှိစေမှာ ဖြစ်ပါတယ်။
ထို Tidal ဂီတ၀န်ဆောင်မှုကိုတော့ နော်ဝေ ကုမ္မဏီ တစ်ခုဖြစ်တဲ့ Aspiro က
ဖန်တီးထားတာဖြစ်ပြီး Jay-Z က ထို ကုမ္မဏီ ကို ဒေါ်လာ ၅၆ သန်းနဲ့ ပြန်လည်
ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထို Tidal ၀န်ဆောင်မှု မှာလည်း
အခြားအဆိုတော်တွေကို ပါမျှဝေပိုင်ဆိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဗီဒီယို မြောက်များစွာနဲ့ သီချင်းပေါင်းမြောက်များစွာကို ရယူခွင့်ပေးမယ့်
ဝန်ဆောင်မှုတွေမှာ ၂ မျိုး ၂စား ခွဲခြားထားမှာဖြစ်ပြီး ပိုမို
ကောင်းမွန်တဲ့အရည်အသွေး ကိုပေးစွမ်းနိုင်မယ့် HiFi ကတော့ တစ်လကို ဒေါ်လာ
၁၉.၉၉ ကျသင့်မှာဖြစ်ပြီး သာမာန်အရည်အသွေးနဲ့ ထွက်ရှိလာမယ့် Standard ကတော့
တစ်လကို ၉.၉၉ ဒေါ်လာ သာကျသင့်မှာဖြစ်ပါတယ်။
Tidal ဟာ Sony Music Entertainment ၊ Universal Music Group နဲ့ Warner
Music Group တို့အပါအ၀င် အခြား ဓါတ်ပြားတိုက်များစွာ နဲ့ ချိတ်ဆက်ထားပြီး
အင်တာဗျူးများ ၊ သတင်းများ ၊ သမိုင်းမှတ် တမ်းများကို
ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
Jay-Z နဲ့ ပူးပေါင်းခဲ့ကြတဲ့ အဆိုတော်တွေ ကတော့ Alicia Keys ၊ Beyonce’ ၊
Kanye West ၊ Madonna ၊ Nicki Minaj ၊ Rihanna ၊ Usher ၊ Daft Punk ၊
Deadmau5 တို့ဖြစ်ကြပါတယ်။
Credit : http://www.starpulse.com/news
http://celebrity.thithtoolwin.com/2015/04/jay-z-tidal-app.html
- ချစ်သူနဲ့ အီတလီကိုအပျော်ခရီးထွက်နေတဲ့ One Direction အဖွဲ့ ဝင်ဟောင်း Zayn Malik
- လက်နက်ထုတ်လုပ်မှုတွေကိုကန့် ကွက်တဲ့လှုပ်ရှားမှုမှာ Snoop Dogg ပါဝင်
- ချစ်သူရဲ့ နာမည်ကိုတောင်မပေါင်းပြတတ်ခဲ့တဲ့ မိုင်လေးဆိုင်းရပ်
- အ၀တ်ဗလာနဲ့ ပုံတွေချဉ်းဘာကြောင့်ရိုက်နေသလဲမိုင်လေးဆိုင်းရပ်ရှင်းပြ
- Tom Hank ပါဝင်သရုပ်ဆောင်ထားတဲ့ Carley Rae Jepsen ရဲ့ MV
- သားမွေးတွေနဲ့ သားရေတွေကို ကန့် ကွက်တဲ့အစီအစဉ်မှာ ၀စ်လစ်စလစ်ဓာတ်ပုံအရိုက်ခံခဲ့တဲ့ Pink
- တနေ့ ကိုအကြိမ်ငါးရာလောက်အိပ်ပြီး ကလေးရအောင်ကြိုးစားနေကြတဲ့ ကင်မ်ကာဒက်ရှန်တို့ စုံတွဲ
- မွေးစားသမီးနှစ်ယောက်ထဲက တစ်ယောက်ကိုသာအသည်းလှူဒါန်းကုသပေးနိုင်မည့်ဖခင်
- အဆိုတော်ကြီးမက်ဒေါနား ဂျေးဇီးရဲ့ ဒုတိယဇနီးဖြစ်ခွင့် ဘာကြောင့်တောင်းရသလဲ
No comments:
Post a Comment