CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, April 9, 2015
ဘေဂျင်းက IKEA ပြခန်းအတွင်းရှိ ရောင်းချမည့် ပရိဘောဂတွေအပေါ် တရုတ်နိုင်ငံသား ဈေးဝယ်သူတွေ တက်အိပ်
လူသိများ ရေပန်စားတဲ့ ဆွီဒင်နိုင်ငံထုတ် IKEA ပရိဘောဂလုပ်ငန်းရဲ့ ဘေဂျင်းနိုင်ငံ ဆိုင်ခွဲအတွင်းမှာ ကိုယ်လိုချင်တဲ့ ပရိဘောဂတွေ ဘယ်နေရာမှာရှိလဲဆိုတာကို တွက်ချက်ဖို့တော့ ခက်ခဲပါတယ်။ ဒါကြောင့် နားလိုက် ရှာလိုက် ၀ယ်လိုက်ပဲ ကောင်းပါတယ်။ ဒါပေမယ့်လည်း ဘေဂျင်းက တရုတ်နိုင်ငံသား ဈေးဝယ်သူတွေအတွက်တော့ ဒီအဆင့်ထက် ကျော်သွားပါတယ်။ သူတို့ဟာ စတိုးအတွင်းက ပရိဘောဂတွေပေါ်မှာ တက်ပြီး အိပ်ကြပါတယ်။ IKEA ဘေဂျင်းဆိုင်ခွဲ က ၂၀၁၄ ခုနှစ်ကတည်းက Wall Street Journal မှာ သူတို့ဆိုင်ကို လာတဲ့ တရုတ်နိုင်ငံသား ဈေးဝယ်သူတွေဟာ ရောင်းချမယ့် ပရိဘောဂတွေပေါ်မှာ တက်အိပ်နေကြတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ပြသနာ မဟုတ်ပါဘူး။ ဈေးဝယ်သူတိုင်း ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားနေကြတာဟာ ကောင်းပါတယ် လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီလိုကြော်ငြာတဲ့ သဘောနဲ့ ပြောပြီးတဲ့နောက် တရုတ်နိုင်ငံသား ဈေးဝယ်သူတွေဟာ IKEA ပြခန်းအတွင်းရှိ ပရိဘောဂတွေပေါ် ပိုလို့တောင် တက်အိပ်နေကြပါတယ်။ ဒါပေမယ့် အခုတော့ Shanghailist သတင်းဌာနရဲ့ ဖော်ပြမှုအရတော့ ဘေဂျင်းမှာရှိတဲ့ IKEA ပရိဘောဂ ပြခန်းဟာ စမ်းသပ်အိပ်ကြည့်ခြင်းကို တားမြစ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Ref:mirror.co.uk
http://www.trend.com.mm/2015/04/09/news-6378
ဘေဂျင်းက IKEA ပြခန်းအတွင်းရှိ ရောင်းချမည့် ပရိဘောဂတွေအပေါ် တရုတ်နိုင်ငံသား ဈေးဝယ်သူတွေ တက်အိပ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment