Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 15, 2015

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton အမေရိကန် သမ္မတလောင်းအဖြစ် ဝင်အရွေးခံခွင့် ရရေး မဲဆွယ် စည်းရုံး


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton ဟာ ဒီမိုကရက်တစ် ပါတီအတွက် အမေရိကန် သမ္မတလောင်းအဖြစ် ဝင်အရွေးခံခွင့် ရရေး မဲဆွယ် စည်းရုံးမှုတွေကို နိုင်ငံအနောက်ဘက်ပိုင်း အိုင်အိုဝါပြည်နယ်က မြို့လေးတမြို့မှာ စပြီး မထင်မရှား လုပ်ခဲ့ပါတယ်။

သမ္မတလောင်းအဖြစ် ဝင်အရွေးခံမယ်လို့ ထုတ်ဖေါ်ကြေညာခဲ့အပြီး နှစ်ရက်အကြာ မနေ့က Hillary Clintonဟာ မစ္စစ်စပီ မြစ်နားက LeClaire မြို့ ကော်ဖီဆိုင် မှာ ကော်ဖီလာသောက်သူတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ပြီး အဲဒီနောက်မှာတော့ Monticello မြို့က တက္ကသိုလ်မှာ ဆရာ ဆရာမတွေ ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲတခု လုပ်ခဲ့ပါတယ်။

Hillary ကလင်တန်ကို ပထမအကြိမ် သမ္မတလောင်း ဝင်အရွေးခံဖို့ ကြိုးစားခဲ့တဲ့ ၂၀၀၈ခုနှစ်တုန်းကထက် ပိုပြီး အောက်ခြေ လူတန်းစားထဲ ထဲထဲဝင်ဝင် ပို ဝင်ရောက် စည်းရုံးဖို့ သူ့လက်ထောက်တွေက လိုလားနေကြတာပါ။

အဲဒီ မြို့က မြို့ခံတွေကတော့ သမ္မတ ကတော်ဟောင်း Hillary Clinton အနေနဲ့ မြို့ကြီးကို မရွေးဘဲ အခုလို သူတို့ မြို့လေးမှာ လာစည်းရုံးတာကို ရယ်လည်း ရယ်ချင် သဘောလည်း ခွေ့နေကြတယ်လို့ သိရပါတယ်။
BBC Burmese

No comments:

Post a Comment