Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 10, 2015

Grammy ဂီတဆု ၂၁ ဆုရရှိထားသည့် အဆိုတော် Kanye West တရားစွဲဆိုခံရ


ကမ္ဘာကျော် RAP အဆိုတော် Kanye West



အမေရိကန် ကမ္ဘာကျော် RAP အဆိုတော် Kanye West သည် လော့စ်အိန်ဂျလိစ် မြို့၌ ဧပြီ ၈ ရက်က သတင်းထောက် တစ်ဦးကို ကိုယ်ထိ လက်ရောက် ထိုးကြိတ်ခဲ့သည့် အတွက် တရားစွဲခံ ရကြောင်း သိရသည်။

Kanye West သည် လော့စ်အိန်ဂျလိစ်မြို့ ရှိ အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ၄င်းကို ဓာတ်ပုံရိုက်ရန် ကြိုးပမ်းနေသည့် သတင်းထောက် Daniel Ramos ကို လေဆိပ်ရှေ့တွင် ထိုးကြိတ်၍ ကင်မရာ လုယူရန် ကြိုးစားခဲ့သည့် အတွက် သတင်းထောက် Ramos မှ Kanye West ကို တရားစွဲဆို ခြင်းဖြစ်သည်။ Kanye West သည် သတင်း ထောက် Ramos ကို အကြိမ်ကြိမ် ထိုးကြိတ်ခဲ့သည့် အတွက် Ramos မှာ ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှု ခံယူ ခဲ့ရသည်။

''ကျွန်တော်တို့က ကျွန်တော်တို့ အလုပ်ကို လုပ်နေတာပါ။ ဒီလိုအကြမ်းဖက် တာကတော့ မကောင်း ပါဘူး။ အခုလို ပြောရတာ ကလဲ နောင် ကျွန်တော်လို တခြားလူ တွေကိုလဲ မဖြစ်စေချင် လို့ပါ'' ဟု တရားလို Ramos မှ ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

Kanye West သည် မကြာခဏ ကိုယ်ထိ လက်ရောက် ထိုးကြိတ်မှုများ ရှိခဲ့ကြောင်း၊ စွယ်စုံရ အနုပညာရှင် တစ်ဦးဖြစ်ကြောင်း၊ Kanye West ၏ နောက်ဆုံး ထွက်ရှိထားသော အယ်လ်ဘမ်မှာ Yeezus ဖြစ်ပြီး အယ်လ်ဘမ်ခွေ ပေါင်း ၂၁ သန်းကျော် ရောင်းချ ခဲ့ရသည့်အပြင် ၂ဝ၁၄ ခုနှစ်၏ အကောင်းဆုံး အယ်လ်ဘမ် ၁ဝဝ တွင်လည်း ပါဝင်ခဲ့ပြီး Kanye West သည် Grammy ဂီတဆုကို ၂၁ ကြိမ် ဆွတ်ခူး နိုင်ခဲ့သည့် အနုပညာရှင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment