Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 26, 2015

Facebook ရဲ့ App အသစ် Hello အကြောင်း တစေ့တစောင်း


ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက်ဖြစ်တဲ့ Facebook ကနေ အခမဲ့ Calling Application တစ်ခုအနေနဲ့ Hello ကို မိတ်ဆက်လိုက်ပါပြီ။
Image and video hosting by TinyPic
သူ့ကိုတော့ Android ဖုန်းတွေပေါ်မှာသာ download ချနိုင်၊ သုံးနိုင်ဦးမှာပါ။ (download from Google Play Store)
လက်ရှိမှာတော့ နိုင်ငံအကန့်အသတ်ရှိပါတယ်။ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံ ၂ နိုင်ငံသာ ရယူနိုင်ပါလိမ့်မယ်။ အဲဒါပေမယ့် အခြားနိုင်ငံကသူတွေအတွက် အဆင်ပြေစေဖို့ ဒီနေရာကနေ ရယူနိုင်ပါတယ်။
ဒီ app ကိုသုံးဖို့အတွက် ဖေ့ဘွခ်အကောင့်တစ်ခုတော့ သေချာပေါက်ရှိဖို့ လိုပါမယ်။ နောက်ပြီး Wifi ၊ 3G ဒါမှမဟုတ် 4G စတဲ့ အင်တာနက်လိုင်း ရှိဖို့လည်း လိုပါတယ်။
သင့်ဖေ့စ်ဘွခ်က သူငယ်ချင်းတွေကို အလွယ်တကူ ခေါ်ယူနိုင်မှာ ဖြစ်ပြီး မလိုလားတဲ့သူတွေကိုလည်း Block လုပ်နိုင်ပါတယ်။
ကဲ ဖုန်းနံပါတ်သိစရာမလိုတော့ဘဲ ဖေ့စ်ဘွခ်က သူငယ်ချင်း မိတ်ဆွေတွေကို အလွယ်တကူ ခေါ်ယူနိုင်ပါပြီ။ (မှတ်ချက် ။ apple သုံးစွဲသူတွေ အတွက်မဟုတ်သေးတဲ့အတွက် စိတ်မကောင်းစရာပါ။ )  :(
illusion (World Myanmar)
ref: Forbes
http://world-myanmar.com/

No comments:

Post a Comment