Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 26, 2015

မီးပွိုင့်တွင်ရပ်စောင့်နေသည့် ယာဉ်ငယ်နှစ်စီးကို ခရီးသည်တင် ဘီအမ်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ တိုက်မိ


ရန်ကုန် ဧပြီ ၂၅

ရန်ကုန်မြို့ထဲသို့ ပြေးဆွဲနေသည့် အမှတ်(၂၄၅) ယာဉ်လိုင်းမှ ယာဉ်မောင်း သန်းကျော်ဌေးမောင်းနှင်သည့် ခရီးသည်တင် ဘီအမ်အမျိုး အစား ယာဉ်အမှတ်(x/-----)သည် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ် ခန့်က မြောက်ဘက်မှ တောင်ဘက်သို့မောင်း နှင်လာစဉ် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင် ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်း မီးပွိုင့်အရောက်တွင် အဆိုပါ မီးပွိုင့်၌ မီးနီ၍ရပ်စောင့်နေသော အငှား ယာဉ်(BB/----)ယာဉ်ငယ်နှင့် ကိုယ် ပိုင်ယာဉ်ငယ်(5F/----) ယာဉ်ငယ် နှစ်စီးတို့ကို အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဆင့်ကဲဝင်တိုက်မိသည်။

အဆိုပါ ယာဉ်သုံးစီးဆင့်ကဲ တိုက် မိခြင်းကြောင့် အငှားယာဉ်ပေါ်ပါ ခရီးသည် နိုင်ငံခြားသားတစ်ဦးနှင့် ကိုယ်ပိုင်ယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာအနည်းငယ်စီ ရရှိပြီး ဆင့်ကဲတိုက်မိသည့် ယာဉ် သုံးစီးစလုံး အနည်းငယ်ပျက်စီး သွားသည်။

 ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မှုစစ်ရဲအုပ် ဇော်မျိုးကျော်က ကျောက်တံတား မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်ပြီး ဘီအမ်ယာဉ်နှင့် ယာဉ်မောင်း သန်း ကျော်ဌေးတို့အား စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ဥမ္မာသန့်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment