Written by ဘန်ကောက်ပို့စ်
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တရုတ်၏
ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌရွှီချိလျန်တို့သည် နှစ်နိုင်ငံစစ်တပ်ကြား
ကာကွယ်ရေးဆက်ဆံမှုတိုးမြင့်ရန် ဧပြီ ၂၄
ကသဘောတူခဲ့ကြသည်။ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှုမှသည်
စစ်လက်နက်ဖွံ့ဖြိုးရေးအထိ ဆက်သွယ်ရေးခိုင်မာရန် ဆွေးနွေးပွဲများတွင်
ချန်အိုချာနှင့် ရွှီတို့က နည်းလမ်းများရှာခဲ့ကြသည်ဟု
ထိုင်းအစိုးရပြောခွင့်ပုဂ္ဂိုလ် ယောင်ယုမာလာယာ့ပ်ကပြောကြားခဲ့သည်။
ပရာယွတ် ကနှစ်နိုင်ငံ စစ်တပ်ခေါင်းဆောင် များကြား အရေးပေါ်ဖုန်းလိုင်း တစ်ခု တပ်ဆင်ရန် အဆိုပြုခဲ့သည့်အပြင် ထိုင်းသို့လာရောက်သော တရုတ်နှင့် အခြားနိုင်ငံများမှ ခရီးသည်များအတွက် ပိုမိုကောင်းမွန်သော အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ချက်များ လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်ဟု ၄င်း ကပြောကြားခဲ့သည်။
ရွှီကလည်း ထိုင်းနိုင်ငံတွင် တည်ငြိမ်မှုရရှိအောင် အစိုးရ၏ လုပ်ဆောင်ချက်များကိုထောက်ခံကြောင်း ရွှီက ပြောကြားခဲ့သည် ဟုပြောခွင့် ရပုဂ္ဂိုလ် ကဆိုသည်။ လွန်ခဲ့သည့်နှစ်တွင် ထိုင်းတွင်ပရာယွတ်က အာဏာသိမ်းယူပြီးနောက်ပေကျင်းနှင့် ဘန်ကောက်တို့ ဆက်ဆံရေးမြင့် တင်လျက်ရှိစဉ် တရုတ် ကွန်မြူနစ် ပါတီမှ အာဏာပြင်းသောရွှီ သည်ခြောက်လအတွင်း ထိုင်းသို့ ဒုတိယမြောက် လာရောက်ခြင်း လည်းဖြစ်သည်။
ထိုင်းသည် တရုတ်မှ ခရီးသည်များအဓိကလာရောက်သည့် အရှေ့တောင်အာရှရှိ နေရာတစ်ခုဖြစ်သည်။ လွန်ခဲ့သည့်နှစ်က တရုတ်ခရီးသွား ၄ဒသမ၆ သန်းခန့် သည် ထိုင်းသို့လာရောက်ခဲ့သည်။ ရွှီသည် ၀န်ကြီးချုပ်နှင့် မတွေ့မီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝန်နှင့်တွေ့ ဆုံခဲ့သည်။
တရုတ်သည် ထိုင်းသို့ ရေငုပ်သင်္ဘောများ ရောင်းချနိုင်ဖွယ်ရှိပြီး အခြားရောင်းချနိုင်သူများတွင် တောင်ကိုရီးယား၊ ဂျာမနီ၊ ဆွီဒင်နှင့် ရုရှတို့ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/43607-2015-04-25-07-37-32
No comments:
Post a Comment