ဂျပန်အစိုးရ အာကာသ စူးစမ်းရေး အဖွဲ့မှ အာကာသ သူရဲကောင်း များသည် အာကာသ အတွင်းရှိ အာကာသ ဘူတာရုံတွင် သစ်ပင်၊ ပန်းပင်များ စမ်းသပ် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း နာဆာ (NASA) အဖွဲ့ကြီးမှ ကြေညာခဲ့သည်။
ကမ္ဘာ့ဆွဲငင်အား သက်ရောက်မှု မရှိသော အာကာသကြီး အတွင်း သစ်ပင်၊ ပန်းပင် များ စိုက်ပျိုးရေးကို သုတေသန ပြုမည့် အစီအစဉ် ဖြစ်သည်ဟု သိရသည်။
အာကာသ ဘူတာရုံတွင် အချိန် ကြာမြင့်စွာ တာဝန် ထမ်းဆောင် ကြသော အာကာသ သူရဲကောင်း များအတွက် စာရေး၊ သောက်ရေး အပြင် ကမ္ဘာကြီး အတွက်ပါ အထွက်တိုး သီနှံများ ပေါ်ထွက် လာရေးကို ရည်ရွယ် လုပ်ကိုင် လာခြင်း ဖြစ်ကြောင်း အမေရိကန် အာကာသ အေဂျင်စီရုံးမှ ပြောပြသည်။
အာကာသအတွင်း သစ်ပင်စိုက်သည့် အစီအစဉ်သည် နောင် အနာဂတ်တွင် အင်္ဂါဂြိုဟ်ပေါ်၌ အပင် စိုက်ပျိုးရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း လည်း ဖြစ်သည်။ လက်ရှိတွင် ဂျပန် သိပံ္ပပညာရှင်များ ကလည်း ၂ဝ၁၆ ခုနှစ်တွင် ပထမဆုံး အာကာသ ဥယျာဉ် အကောင်အထည် ဖော်နိုင်ရန်အတွက် တောင်ဝင်ရိုးစွန်း ဒေသ အန္တာတိကတွင် ဖန်လုံအိမ် တစ်ခု တည်ဆောက် နိုင်ရန် ကြိုးပမ်း နေကြသည်။
ဆီးမှတစ်ဆင့် ပြန်လည် အသုံးပြု၍ မြေသြဇာ ဖြစ်စေခြင်းမျိုး ကိုလည်း စမ်းသပ်လျက် ရှိပြီး အင်္ဂါဂြိုဟ် ဝန်းကျင်နှင့် လပေါ်တွင် အသီးအနှံများ စိုက်ပျိုးနိုင်မည် ဖြစ်သည်။
ယနေ့ သိပံ္ပပညာရှင် များ၏ အပင် စိုက်ပျိုး စမ်းသပ်မှု အောင်မြင်ပါက အာကာသ အတွင်း ကိုယ်ပိုင် အစားအစာ စိုက်ပျိုးနိုင် သကဲ့သို့ အခြားဂြိုဟ်များ ကိုလည်း နယ်ပယ်ချဲ့ထွင် နိုင်မည် ဖြစ်ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment