Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 23, 2015

သက်ကြီးရွယ်အိုဇနီးမောင်နှံ ဓါတ်ပုံများ အချစ်စစ်၏ပြယုဂ်အဖြစ် အွန်လိုင်းတွင်ပျံနှံ့


 ယနေ့ခေတ် ယနေ့အခါမှာ အချစ်စစ်အချစ်မှန် မရှိနိုင်တော့ပြီဟု ထင်လျှင် ဤအဖိုးအို အဖွားအိုတို့ ဘ၀က သင့်အမြင်ကို အတိုင်းအတာတခုအထိ ပြောင်းလဲစေပါလိမ့်မည်။ ဖျားနာခြင်း၊ ကျန်းမာခြင်း စသည့်လောကဒဏ် လက်ခုပ်တွင်း မည်သို့ပင် ကျရောက်စေကာမူ ချစ်ခင်ကြင်နာ မပျက်ပါဆိုသည့် သစ္စာစကားကို သူတို့ ၂ ဦး ဆိုခဲ့ကြသည်မှာ လွန်ခဲ့သော ၅၅ နှစ်က ဖြစ်သည်။

လွန်ခဲ့သော နှစ် ၃၀ ခန့်က ခင်ပွန်း ဟွမ်ဖူနင်း မျက်စိအလင်းကွယ်ပျောက်သွားခဲ့သည်။ ထိုစဉ်မှစ၍ အသက် ၇၆နှစ်အရွယ် အဖွားအို ဝေဂွီယီးသည် ခင်ပွန်းသည်အား ၀ါးလုံးတံတချောင်းဖြင့် တရုတ်နိုင်ငံတောင်ပိုင်းရှိ ၎င်းတို့နေထိုင်ရာ ရွားနီးချုပ်စပ်တ၀ိုက် လမ်းပြအဖြစ် ခေါ်ဆောင်သွားလာခဲ့ရသည်။ အရိုးပျော့ရောဂါကြောင့် သူမကိုယ်တိုင် ခါးကုန်းဘ၀သို့ရောက်ရှိနေပြီဖြစ်သော်လည်း ခင်ပွန်းကို လမ်းပြခေါ်ဆောင်နေရခြင်းကို ညည်းညူပြောဆိုခြင်း မရှိ။

ဂွမ်စီခရိုင်၊ ဒေါင်လန်းစီရင်စု တ၀ိုက် အတူတကွသွားလာနေသည့် ၎င်းတို့ စုံတွဲ၏ ဓါတ်ပုံများကို အချစ်စစ်၏ပြယုဂ်အဖြစ် လူမှုကွန်ယက်အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည်။

၁၉၈၅ ခင်ပွန်းသည် မျက်စိကွယ်ချိန်မှစ၍ ဂွီယီးသည် ဇနီးမောင်နှံ ၂ ဦးစလုံးအတွက် မျက်လုံးအစုံ ဖြစ်လာခဲ့သည်။ ၎င်းတို့ ၂ ဦး အသက် ၂၀ ကျော်အရွယ် လွန်ခဲ့သော ၅၅ နှစ်ခန့်က လက်ထပ်ခဲ့ကြသော်လည်း သားသမီး မထွန်းကားခဲ့ပေ။

“ဒို့တွေဘ၀ကို ကျေနပ်တယ်၊ ပျော်ရွှင်ပါတယ်။ ဒို့ ၂ ယောက် တယောက်အနားတယောက် အမြဲရှိနေမှာပါ။ အဖွားက သူ့အတွက် မျက်လုံးဖြစ်ပြီး အဖွားအတွက် အရာအားလုံးဟာ သူပါပဲ။”ဟု ခါးကုန်းအဖွားအို ဝေဂွီယီး က ပြောသည်။

ရည်ညွှန်း - ဒေးလီးမေးလ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment