Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 11, 2015

တို့ဆေး အကြောင်း တစေ့တစောင်း


''သွားသတိ၊ လာသတိ''ဆိုသည်မှာ ယနေ့ ကာလနှင့် အံဝင်ခွင်ကျနေသော စကားရပ် ဖြစ်သည်။ အစားမတော်တစ်လုပ်တဲ့ အသားငါး တွေလည်း ဟိုရောဂါ ဒီရောဂါ အသီးအရွက် ကျတော့လည်း ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ဓာတ်ကြွင်းတို့ အပြင် လူတို့ ဖန်တီးထားသော တို့ဆေးတဲ့၊ ယနေ့ခေတ်စားနေသော အသီးအနှံများကို တာရှည်ခံရန် အညှာကို တို့ဆေးဖြင့်တို့သော နည်းပင်ဖြစ်သည်။ ကြက်သား၊ ကြက်ဥကျတော့ ကြက်ငှက် တုပ်ကွေး ရောဂါဖြစ်နေ၍ လည်းကောင်း၊ အမဲသား ကျပြန်တော့ နွားထောင့်သန်း ရောဂါကြောင့် လည်းကောင်း၊ ဝက်သားကျတော့ ဝက်တုပ် ကွေးစသည်ဖြင့် အသားမစား ရဲအောင် ဖြစ်နေသည်။

အသီးအရွက်ကျ ပြန်တော့လည်း သဘာဝမြေသြဇာ မသုံးဘဲ ဓာတ်မြေသြဇာသုံး၍ စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးလွန်ကဲစွာ သုံးစွဲခြင်းများကြောင့် ထိုဓာတ်ကြွင်းများက ဟင်းသီးဟင်း ရွက်များတွင် စွဲကျန်ခဲ့၍ လူများစားမိပါက ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အစာအဆိပ်သင့် ခြင်းများဖြစ်ကြခြင်းကို သတင်းစာ၊ စာစောင်များတွင် မကြာခဏ ဖတ်နေရသည်။ ယခုတစ်ဖန် တို့ဆေးက ခေတ်စား လာပြန်သည်။

သရက်သီး၊ ဖရဲသီး၊ ငှက်ပျောသီးစသည် တို့ဆေးအကြောင်း တစေ့တစောင်းဖြင့် အသီးအနှံများကို ကြာရှည်ခံရန်နှင့် အရောင်လှရန် အဆိုပါတို့ဆေးကို အသုံးပြု လာခြင်းဖြစ်သည်။

ရောဂါရှိသော အသားများကို စားသုံးမိခြင်း၊ ပိုးသတ်ဆေး ဓာတ်ကြွင်းပါသော ဟင်းသီး ဟင်းရွက်များကို စားသုံးမိခြင်း၊ တို့ဆေး အသုံးပြုသော သစ်သီးဝလံများကို စားသုံး မိခြင်းတို့ကြောင့် လူတို့တွင် ရောဂါ အမျိုးမျိုး ဖြစ်နေကြ၍ ''စားသတိ'' သတိထား၍ စားသုံးကြရန် အထူးပင် လိုအပ်နေပြီဖြစ်သည်။

သန်းဦး(လေးမျက်နှာ)
မြ၀တီ
https://www.facebook.com/mwdmedia

No comments:

Post a Comment