Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 6, 2015

ကားနဲ့ တိုက်မိပြီး ဘမ်ပါကြားမှာ မိုင် (၂၅၀) အထိ ပါလာပေမယ့် အသက်ရှင်ခဲ့တဲ့ ခွေး


တရုတ်နိုင်ငံမှာရှိတဲ့ ခွေးတစ်ကောင်ဟာ ကားနဲ့တိုက်မိပြီး ကားရှေ့က ဘမ်ပါကြားမှာ မိုင်ပေါင်း (၂၅၀) လောက်အထိ ပါခဲ့ပေ မယ့် အသက်ရှင်ခဲ့ တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

ဒီထက်ပို အံ့အားသင့်စရာကတော့ ကားနဲ့ တိုက်မိတဲ့ခွေးကို ကားမောင်းတဲ့ သူက သနားလို့ ဆိုပြီး အိမ်ကို ခေါ်ယူ မွေးခဲ့ခြင်း ဖြစ်ပါတယ်။ ဟူနန်ဒေသရှိ ဖန်အူအန်မြို့မှာ လမ်းဘေး ခွေးတစ်ကောင် ကားနဲ့ တိုက်ခံရတာ ဖြစ်ပါတယ်။ ကားကို မောင်းခဲ့တဲ့ ဇန်ဟာ ဒီဖြစ်ရပ်ကို အံ့အားသင့်ခဲ့ ပါတယ်။ ဇန်ဟာ ကားမောင်းနေရင်း လမ်းဘေးခွေးကို မတော်တဆ တိုက်မိ ပြီးနောက် သေဆုံးသွားပြီ အထင်နဲ့ကားကို ဆက်လက် မောင်းခဲ့ပါတယ်။

ဒါပေမဲ့ ကားမောင်းနေရင်း ခွေးတစ်ကောင် အော်သံကြားခဲ့ တာကြောင့် ကားကို ရပ်တန့်ပြီး စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ခွေးဟာ ရေတိုင်ကီနဲ့ ဘမ်ပါ ကြားထဲ ရောက်နေတာ တွေ့ခဲ့ရပါတယ်။ ဒီနောက် ဇန်ဟာ ခွေးကို ကယ်ထုတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ တာကြောင့် ဒီအတိုင်း ဆက်မောင်းဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ခွေးဟာ အန္တရာယ်မရှိတဲ့ အခြေအနေ မှာ မရှိတာကြောင့် ၊ ဇန်ဟာ ကားကို ဆက်မောင်းခဲ့ပြီး သူနေထိုင်ရာမြို့ကို ပြန်ခဲ့ပါတယ်။ ဒီလို သွားရာမှာ အကွာအဝေးက မိုင် (၂၅၀) လောက်အထိ ရှိခဲ့ပါတယ်။ ဖန်ဟာ မြို့ကို ရောက်ပြီးတဲ့နောက် တိရိစ္ဆာန် ဆရာဝန်ဆီ အမြန် သွားကာ ခွေးကို ကုသမှု ပြုလုပ်စေခဲ့ပါ တယ်။ ကံကောင်းတယ်လို့ ဆိုရမှာဖြစ်ပြီး ခွေးဟာ ကြီးကြီးမားမား ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။ ဒီနောက် ဇန်ဟာ ခွေးကို အိမ်မှာ မွေးမြူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

the messenger

No comments:

Post a Comment