Alarm bells for India? China plans to build rail link with Nepal through Mt Everest |
တရုတ်အစိုးရ သည် နီပေါနိုင်ငံသို့ ဆက်သွယ် သွားလာ နိုင်သည့် မီးရထား လမ်းသစ် တစ်ခုကို ဖောက်လုပ်ရန် အတွက် ဧဝရတ်တောင်ကို ဖောက်၍ အောက်ခြေတွင် ရထားဥမင် လိုဏ်ခေါင်း တစ်ခု တူးဖော်ရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းကဲ့သို့ ရထားလမ်းသစ် ဖောက်လုပ် နိုင်ခဲ့ပါက လာမည့်နှစ်များ အတွင်း ပေကျင်းမြို့မှ ကာလကတ္တားမြို့ သို့ ရထားဖြင့် ခရီးသွား လာနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရ သည် ယခုအခါ နိုင်ငံ အလယ်ပိုင်း ရှီနင်မြို့မှ တိဘက် ကုန်းမြင့်ဒေသ ထိ ဆက်သွယ် ထားသော ရထားလိုင်း တစ်ခုကို ပြေးဆွဲလျက် ရှိကြောင်း သိရသည်။
ယခုအခါ နီပေါ အစိုးရသည် အဆိုပါ ရထားလမ်းကို နိုင်ငံနယ်စပ်နှင့် ခေတ္တမန္ဒူ မြို့အထိ ထပ်မံ ချဲ့ထွင်ရန် တောင်းဆို ထားကြောင်း သိရသည်။ နီပေါ သတင်းဌာန များ၏ ထုတ်ပြန်ချက် အရ အဆိုပါ ရထားလမ်း ထပ်မံချဲ့ထွင် နိုင်ခဲ့ပါက ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့မှ နီပေါနိုင်ငံရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာတစ်ခု ဖြစ်သော လုမ္ဗနီမြို့သို့ ရထားဖြင့် ခရီးသွားလာ နိုင်တော့မည် ဖြစ်ကြောင်းနှင့် အဆိုပါ ခရီးသည် ဧဝရတ်တောင်ကို ဖြတ်ကျော်၍ သွားလာရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဧဝရတ် တောင်အောက်ကို ဖြတ်၍ ရထားလမ်း ဖောက်လုပ်ပါက ဆောက်လုပ်ရေး အလုပ်သမားများ အနေဖြင့် အလွန် ရှည်လျားသည့် ဥမင်လိုဏ်ခေါင်း အချို့ကိုလည်း တူးဖော်ရမည် ဖြစ်ကြောင်း တရုတ် ရထားလမ်း ဖောက်လုပ်ရေး အင်ဂျင်နီယာ တက္ကသိုလ်မှ ကျွမ်းကျင်သူ တစ်ဦးက ပြောကြားခဲ့သည်။
Alarm bells for India? China plans to build rail link with Nepal through Mt Everest
#PyiChitThar
No comments:
Post a Comment