Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 23, 2015

တရုတ်နိုင်ငံအား တုံ့ပြန်ရန်အတွက် အမေရိကန်ထံမှ စစ်ရေးအကူအညီများ ပိုမိုရရှိရေး ဖိလစ်ပိုင်နိုင်ငံ က ကြိုးပမ်းလျက်ရှိ



Dispute over oil rich islands in South China Sea could escalate into 'state-on-state conflict',




ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် အငြင်းပွား ရေပိုင်နက် အတွင်း တရုတ်နိုင်ငံ၏ ကျူးကျော် ရန်စမှုကို ရင်ဆိုင် နေရသောကြောင့် ၄င်း၏ ကာကွယ်ရေး စွမ်းရည် တည်ဆောက် နိုင်ရေး စစ်လက်နက် ပစ္စည်းနှင့် လေ့ကျင့် ပေးမှုများ ပိုမိုထောက်ပံ့ ကူညီပေးရန် အမေရိကန် နိုင်ငံအား မကြာမီ တောင်းဆို သွားမည် ဖြစ်ကြောင်း ဧပြီလ ၂၁ ရက်နေ့ Newsnow သတင်းတစ်ရပ် အရ သိရသည်။

အမေရိကန်နိုင်ငံ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ၏ ကာကွယ်ရေး စွမ်းရည်များ ဖွံ့ဖြိုးတိုးတက် လာစေရန် အကူအညီ ပေးသွားမည် ဟု ထုတ်ဖော် ပြောကြား ခဲ့ကြောင်းနှင့် လက်ရှိ အချိန်တွင် ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ပင်လယ် ရေကြောင်း ဆိုင်ရာ လုံခြုံရေး အပေါ် အလေးထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာ အဆင့် မြှင့်တင်မှု တစ်စိတ် တစ်ဒေသ အဖြစ် ၂ဝ၁၅ ခုနှစ် အတွင်း ပထမဆုံး အကြိမ် ဝယ်ယူထားသည့် ကုန်း-ရေ နှစ်သွယ်သွား တင့်ကားများ၏ စစ်ဆင်ရေး ဆောင်ရွက်မှုနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံသည် ဖိလစ်ပိုင် တပ်ဖွဲ့ဝင် များကို လေ့ကျင့် ပေးနိုင်ရေး မျှော်လင့် ထားကြောင်း အမေရိကန် နိုင်ငံသို့ ရက်သတ္တပတ် ကြာ အလည်အပတ် ရောက်ရှိနေသော ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario က ပြောကြား ခဲ့သည်။

ထို့အပြင် အမေရိကန် နိုင်ငံသည် အပြန်အလှန် ကာကွယ်ရေး ဆိုင်ရာ သဘော တူညီချက် တစ်ရပ်အရ မဟာမိတ် ပြုထားသည့် ကိုလိုနီ လက်အောက်ခံ နိုင်ငံဟောင်း ဖြစ်သော ဖိလစ်ပိုင် နိုင်ငံသို့ စစ်လက်နက် ပစ္စည်း အများဆုံး ထောက်ပံ့ ပေးသည့်နိုင်ငံ ဖြစ်ကြောင်းလည်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment