CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, April 2, 2015
ချီကာဂို သက်ကြီးပူဇော်ပွဲ ဧပြီ ၁၂ ရက် ကျင်းပမည်
အမေရိကန် အနောက်အလယ်ပိုင်းရှိ ချီကာဂိုမြို့၊ မြန်မာဗုဒ္ဓဘာသာအသင်း (BBA) သည် မြန်မာ့ နှစ်သစ်ကူးအခါသမယတွင် ရိုးရာအစဉ်အလာမပျက် အကြိမ် ၃၀ မြောက်သက်ကြီး ပူဇော်ပွဲကို ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမည် ဖြစ်သည်။ ချီကာဂိုမြို့၊ မြန်မဗုဒ္ဓဘာသာအသင်း (BBA) တွင် ၂၀၁၃ ခုနှစ်က ကျင်းပသော သက်ကြီးပူဇော်ပွဲတွင် ပူဇော်ခံပုဂ္ဂိုလ်များကို တွေ့ရပုံ ဖြစ်ပါသည်။ချီကာဂိုမြို့၊ မြန်မဗုဒ္ဓဘာသာအသင်း (BBA) တွင် ၂၀၁၃ ခုနှစ်က ကျင်းပသော သက်ကြီးပူဇော်ပွဲတွင် ပူဇော်ခံပုဂ္ဂိုလ်များကို တွေ့ရပုံ ဖြစ်ပါသည်။ချီကာဂိုမြို့ အနီးတဝိုက်တွင် မြန်မာအိမ်ထောင်စု ၄-၅၀၀ ခန့်ရှိ၍ ယမန်နှစ်က ပူဇော်ခံ သက်ကြီးပုဂ္ဂိုလ် ၁၂ ဦး ရှိခဲ့ပြီး ပရိသတ် ၉၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း ဆရာတော် ဦးကေသဝက ကမ္ဘာသစ်မီဒီယာသို့ မိန့်ကြားတော်မူသည်။ အသက် ၇၀ ကျော် သက်ကြီးများအား ပူဇော်ကန်တော့မည့် အစီအစဉ်မှာ နံနက် ၁၁ နာရီတွင် သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်း၍ နံနက် ၁၁း၃၀ နာရီတွင် ဧည့်ပရိသတ်များကို နေ့လည်စာ ဒံပေါက်ထမင်းဖြင့် ကျွေးမွေးဧည့်ခံကာ နေ့လည် ၁ နာရီတွင် သံဃာများနှင့် သက်ကြီးပုဂ္ဂိုလ်များအား ပူဇော်ပွဲ ပြုလုပ်ပါမည်။ မင်္ဂလာတရားတော်နှင့်အညီ သက်ကြီးပုဂ္ဂိုလ်များကို ပူဇော်ကန်တော့မည် ဖြစ်၍ အသက် ၇၀ အထက် ဘိုးဘွားများ ကြွရောက် ကန်တော့ခံကြပါရန် မြန်မာဗုဒ္ဓဘာသာအသင်း (BBA) မှ ရိုသေစွာ ဖိတ်ကြားထားသည်။ ရာသီဥတု အလွန်အေးမြသော ချီကာဂိုတွင် မြန်မာ့ နှစ်ကူး အတာသင်္ကြန် ရေသဘင်ပွဲတော်ကို အခြေအနေအရ ဆင်နွှဲနိုင်ခြင်း မရှိစေကာမူ နှစ်သစ်ကူး ချိန်ခါသမယတွင် သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့၍ နှစ်စဉ် ကုသိုလ်ပြုပါသည်။ ချီကာဂိုတွင် မြန်မာ ဘုန်းတော်ကြီးကျောင်း စတင်တည်ထောင်သည့် ၁၉၈၄ ခုနှစ်မှာစ၍ နှစ်စဉ်မပြတ် သက်ကြီးပူဇော်ပွဲ ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် အကြိမ် ၃၀ တိုင်ခဲ့ပြီ ဖြစ်၏။ သက်ကြီး ပူဇော်ပွဲတွင် ကန်တော့ခံ ပုဂ္ဂိုလ်များ၊ ပူဇော်ကန်တော့ကြမည့် ပရိသတ်များနှင့် တကွ လူမျိုးဘာသာမရွေး ကိုယ်ကျင့်တရား ပြည့်စုံကောင်းမွန်အောင် ကျင့်ကြံအားထုတ်ကြဖို့ အလွန်အရေးကြီးသည့်အကြောင်း ဆရာတော် ဦးကေသဝက မိန့်ကြားတော်မူသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ ၅ ပါးသီလ လုံခြုံအောင် စောင့်ထိန်းခြင်းပင် ဖြစ်၍ ကမ္ဘာစောင့်တရားဟု ဆိုနိုင်ကြောင်း၊ မည်မျှ ကြီးကျယ်သည့် အလှူကြီးထက်မဆို သာလွန်မြင့်မြတ်သောကြောင့် ဗုဒ္ဓမြတ်စွာဘုရားက “မဟာဒါနအလှူကြီး” ဟူ၍ပင် ခေါ်ဆိုတော်မူခဲ့ကြောင်း ဆရာတော်က ပြောကြားတော်မူပါသည်။ ချီကာဂို မြန်မာဘုန်းတော်ကြီးကျောင်းတွင် ယခုလောလောဆယ် သံဃာ နှစ်ပါး သီတင်းသုံးနေ၍ မြန်မာနိုင်ငံမှ နောက်ထပ်တစ်ပါး မကြာမီ ကြွရောက်လာမည့်အကြောင်းလည်း သိရှိရသည်။ အကြိမ် ၃၀ မြောက် သက်ကြီးပူဇော်ပွဲ ဖိတ်ကြားစာ ရယူရန် ကလစ်ခ် လုပ်ပါ။
15W110 Forest Lane
Elmhurst, IL 60126 U.S.
Phone: 630-941-7608
http://kabarthit.com/index.php?option=com_content&view=article&id=611:2015-04-02-01-35-50&catid=8:2013-10-13-17-09-02&Itemid=214
ချီကာဂို သက်ကြီးပူဇော်ပွဲ ဧပြီ ၁၂ ရက် ကျင်းပမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment