Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

ပြည်သူ့ရှေ့မှောက် တရားစီရင်ရေး ဖြစ်ဖို့လိုအပ်

ဓါတ်ပုံ - မိုးစက် မြင်းခြံ (fb) 
ကျွန်တော် မနေ့က (၂၃ ဧပြီ) လက်ပံတန်းမြို့နယ်၊ တရားရုံးမှာ ရုံးထုတ်လာတဲ့ မတ်လ ၁၀ ရက်
မှာ အကြမ်းဖက်ခံခဲ့ရကာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေ၊ ခေါင်းဆောင်တွေ၊ ၀န်း
ရံသူတွေနဲ့ သွားရောက်တွေ့ဖြစ်ခဲ့ပါတယ်။

 အထိန်းအသိမ်းခံတွေရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေရဲဘော်တွေနဲ့လည်း တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အင်အားအပြည့်နဲ့ လာရောက်အားပေးဝန်းရံကြတဲ့ ဒေသခံတွေ၊ အနီးပတ်ဝန်းကျင်မြို့တွေက ရဲဘော်မိတ်ဆွေတွေ၊ ကျောင်းသားရဲဘော်တွေကို တွေ့ဆုံရတာဟာ အလွန်ပူပြင်းလွန်းတဲ့နေ့လည်ခင်းအပူရှိန်အောက်မှာ အိုအေစစ်ကို တွေ့ရသလိုပါ။

လက်ပံတန်းတရားရုံးမရောက်ခင်၊ လမ်းဆုံမှာ သံဆူးကြိုးအဆီးအတားတွေချထားပြီး၊ ရဲတပ်ဖွဲ့ဝင်
တွေက လုံခြုံရေးရယူထားပါတယ်။ လက်ပံတန်းမြို့နယ်၊ တရားရုံးဝင်ပေါက်မှာလည်း သံဆူးကြိုး
နဲ့ပိတ်ဆို့ထားကာ၊ မိသားစုဝင်တွေနဲ့သတင်းမီဒီယာတွေကိုသာ စိစစ်ဝင်ခွင့်ပြုနေတာကို တွေ့ရ
ပါတယ်။

 အဲဒီအခြေအနေမှာ ကျွန်တော်စဉ်းစားမိတာက၊ မြို့နယ်တရားရုံးဝင်ပေါက်ကို သံဆူးကြိုး
အဆီးအတားတွေနဲ့ပိတ်တာ၊ ကြောင်းကျိုးဆီလျော်ရဲ့လားဆိုတဲ့အချက်ပါ။ အခုရုံးထုတ်မယ့် ဖမ်း
ဆီးထိန်းသိမ်းခံတွေဟာ အကြမ်းဖက်သမားတွေမဟုတ်ပါဘူး။ နိုင်ငံတော်အာဏာကိုလုယူမယ့်
သူတွေလည်းမဟုတ်ပါဘူး။ ရာဇ၀တ်သားတွေလည်းမဟုတ်ပါဘူး။ အမျိုးသားပညာရေးဥပဒေပြင်
ဆင်ရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တာကို ရက်ရက်စက်စက်လူမဆန်စွာအကြမ်းဖက်နှိပ်ကွပ်ခံ
ခဲ့ရတဲ့သူတွေပါ။ တိုင်းပြည်နဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရှေ့တန်းတင်ဖော်ဆောင်ဖို့၊ ကိုယ်ကျိုးစွန့်လွှတ်ဖို့ အမြဲတမ်းအဆင်သင့်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေပါ။ အဲဒီလိုလူတွေကို ဘာ
ကြောင့် သံကွန်ခြာအထပ်ထပ်၊ လုံခြုံရေးအထပ်ထပ်ချ၊ ရုံးထုတ်ရတာပါလဲ။ တရားရုံးကို စည်းနှစ်
ထပ်ထား၊ ကန့်သတ်ပိတ်ပင်ရတာပါလဲ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ (၁၉) ပါ ဥပဒေနှင့်အညီလွတ်လပ်စွာတရားစီရင်ရေး၊ ဥပဒေအရကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့
မှောက်တွင်တရားစီရင်ရေး စတဲ့ပြဋ္ဌာန်းချက်တွေနဲ့ ကျနော်တွေ့ခဲ့ရတဲ့၊ မြင်ခဲ့ရတဲ့ တရားရုံး
အခင်းအကျင်းဟာ အတော့်ကို ကွာခြားနေတာတွေ့ရပါတယ်။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်
နေပါတယ်ဆိုတဲ့ အစိုးရတွေ၊ လွှတ်တော်တွေ နဲ့အတူ တည်ထောင်ထားတဲ့ တရားစီရင်ရေးမဏ္ဍိုင် ဟာ ပြည်သူ့ရှေ့မှောက်တရားစီရင်ရေးဖြစ်ရပါမယ်။ ပြည်သူ့ရှေ့မှောက်တရားစီရင်ရေးဆိုရင် တရားရုံးဝင်ပေါက်မှာ သံဆူးကြိုးအဆီးအတားတွေနဲ့ကာထားစရာမလိုပါဘူး။ တရားရုံးဝင်ပေါက်
ဂိတ်တံခါးကို ပိတ်ထားစရာမလိုပါဘူး။ လုံခြုံရေးအရ ရှာဖွေတာ၊ သိမ်းဆည်းတာကလွှဲရင် စိတ်
ဝင်စားတဲ့သူတိုင်းဟာ တရားရုံးထဲမှာ ၀င်ရောက်နားထောင်ခွင့်ရှိရပါမယ်။ အဲဒါမှ ပြည်သူ့ရှေ့
မှောက်တရားစီရင်ရေးဖြစ်နိုင်ပါတယ်။ အခုတော့ ထိမ်းသိမ်းခံရသူတွေရဲ့မိဘဆွေမျိုးတွေ၊ ပြည်
သူတွေဟာ တရားခွင်ထဲမှာ ၀င်ရောက်နားထောင်ခွင့်မရခဲ့ပါဘူး။ အဲဒီခုံရုံးတွေဟာ အထူးခုံရုံး
တွေမဟုတ်သလို၊ စစ်ခုံရုံးလည်းမဟုတ်ပါဘူး။ အဲဒါကြောင့် ပြည်သူ့ရှေ့မှောက်တရားစီရင်ရေး
ကို မဖြစ်မနေဖော်ဆောင်သင့်တာပါ။ ၁၉၉၀ အစောပိုင်းနှစ်တွေတုန်းက အင်းစိန်အကျဉ်းထောင်
ဝင်းထဲမှာ ဖွင့်ခဲ့တဲ့ အထူးခုံရုံးတွေမှာ ထိန်းသိမ်းခံတွေရဲ့မိဘ၊ ဆွေမျိုးတွေ တက်ရောက်နားထောင်
နိုင်ခဲ့တယ့်အပြင်၊ တရားရုံးအပြီးမှာ မိသားစုတွေနဲ့ သီးသန့်လွတ်လွတ်လပ်လပ်တွေ့နိုင်ဖို့ စီစဉ်
ပေးနိုင်ခဲ့ပါတယ်။ အခုမြင်တွေ့နေရတာက စစ်အစိုးရအစောပိုင်းနှစ်တွေက အခြေအနေလောက်
တောင်မမီသေးတဲ့ ဒီမိုကရေစီလို့ပြောနေတဲ့စနစ်ကိုဖော်ဆောင်မယ့်ဖွဲ့စည်းပုံအခြေခံဥပဒေထဲက
တရားစီရင်ရေးမဏ္ဍိုင်ဖြစ်နေပါတယ်။

ဧပြီလ (၃၀) ရက်နေ့ သာယာဝတီမြို့တရားရုံးမှာ အမှုစစ်ဆေးတဲ့အခါ တရားရေးမဏ္ဍိုင်ကို ထိန်း
ကျောင်းသူတွေအနေနဲ့၊ ပြည်သူ့ရှေ့မှောက်တရားစီရင်ရေးကို မဖြစ်မနေ ဖော်ဆောင်ဖို့လိုအပ်ပါ
မယ်။ တရားစီရင်တာကို မိဘဆွေမျိုးတွေရော၊ ပြည်သူတွေပါ တက်ရောက်နားထောင်ခွင့်ရရှိဖို့
လိုအပ်မယ်ထင်ပါတယ်။ အထိန်းသိမ်းခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေအနေနဲ့လည်း ပြည်
သူ့ရှေ့မှောက်တရားစီရင်ရေးကို မဖြစ်မနေဖော်ဆောင်ဖို့ တရားသူကြီးတွေကို အဆိုပြုရပါမယ်။ တရားစီရင်တာပြီးစီးတဲ့အခါမှာ အထိန်းသိမ်းခံတွေနဲ့သတင်းမီဒီယာတွေ လွတ်လပ်စွာတွေ့ဆုံ
နိုင်ဖို့ကိုလည်း အာဏာပိုင်တွေအနေနဲ့၊ စီစဉ်ပေးရမှာဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူ
တွေဟာ မတရားထိန်းသိမ်းခံထားရသူတွေပါ။ ပြစ်ဒဏ်ကျခံပြီးတဲ့သူတွေလည်းမဟုတ်ပါဘူး။ အဲဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့အခွင့်အရေးကို အပြည့်အ၀ရရှိရပါမယ်။

အဲဒီလို ပြည်သူ့ရှေ့မှောက်တရားစီရင်ရေးကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖော်ဆောင်
နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်း
ခေါင်းဆောင်တွေ၊ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ တိုက်တွန်းအဆိုပြုကြရမှာ
ပါ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက်လုပ်နေပါတယ်။ ကောင်းမွန်သန့်ရှင်းသော
အစိုးရကို ပုံဖော်နေပါတယ်။ လွှတ်တော်တွေဟာ ပြည်သူ့ဆန္ဒကို ဖော်ဆောင်နေပါတယ်။ အစိုးရ
နဲ့လွှတ်တော်တွေဟာ ပြည်သူကိုမျက်နှာမူနေပါတယ်လို့ ဘယ်လိုပဲအထပ်ထပ်ကတိက၀တ်တွေ
လုပ်လုပ်၊ လက်ငင်းအခြေအနေတွေကို သုံးသပ်လေ့လာမယ်ဆိုရင် အပြောနဲ့အလုပ်တစ်ခြားစီ
ဖြစ်နေတာ၊ အပြောကောင်းသလောက် အကအပိုင်းမှာ ချိုမိုင်မိုင်ဖြစ်နေတာ အဲဒီအချက်တွေကို
မဖြစ်မနေထည့်သွင်းစဉ်းစားရမှာပါ။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။
https://www.facebook.com/yan.m.thein

No comments:

Post a Comment