Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

ဆိုက်ဘာကာကွယ်ရေး မဟာဗျူဟာသစ် တစ်ရပ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာ ထုတ်ဖော်






အမေရိကန် ပြည်ထောင်စု အပေါ် ပြုလုပ်လာသည့် ဆိုက်ဘာ တိုက်ခိုက်မှုများကို တားဆီးရန် နှင့် ပြန်လည်တုံ့ပြန် နိုင်ရေးအတွက် ဆိုက်ဘာ ကာကွယ်ရေး မဟာဗျူဟာသစ် တစ်ရပ်ကို ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန်ကာတာ က ဧပြီ ၂၃ ရက်တွင် ထုတ်ဖော် ပြသ လိုက်ကြောင်း သိရသည်။

ယခု ဖော်ပြလိုက်သည့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာသစ် သည် ၂ဝ၁၁ ခုနှစ်က ဖော်ပြခဲ့သည့် မဟာဗျူဟာထက် ပိုမိုသာလွန် ကောင်းမွန်ခြင်း ရှိပြီး နိုင်ငံအပေါ် ပြုလုပ်လာသည့် ဆိုက်ဘာ တိုက်ခိုက်မှု များမှာ ရုရှား၊ မြောက်ကိုရီးယား သို့မဟုတ် တရုတ်နိုင်ငံမှ ဖြစ်ကြောင်းကို ခွဲခြားပြသ နိုင်မည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် နိုင်ငံအပေါ်သို့ ပစ်မှတ်ထားသည့် ဆိုက်ဘာ တိုက်ခိုက်မှု များကို တားဆီးနိုင်ရန် စွမ်းရည်ရှိရုံ သာမက ရန်သူ၏ ကွပ်ကဲရေး ကွန်ရက်များ၊ စစ်ဘက်နှင့် သက်ဆိုင်သည့် အခြေခံ အဆောက်အအုံ များနှင့် လက်နက်တိုက် များကိုပါ ရပ်တန့်ပစ်ရန် လုပ်ဆောင်စွမ်း ရှိသင့်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံအပေါ် ပြုလုပ်သည့် ရုရှားနိုင်ငံမှ ဆိုက်ဘာ တိုက်ခိုက်ရေး သမားများသည် ပိုမို ပိရိသော်လည်း ၄င်းတို့၏ ရည်ရွယ်ချက်ကို အတိအကျ မသိရကြောင်း၊ တစ်ချိန်တည်း မှာပင် တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ နည်းပညာ များကို ရယူရန် ဆိုက်ဘာ တိုက်ခိုက်မှု များကို ပြုလုပ်လေ့ ရှိပြီး အီရန် နှင့် မြောက်ကိုရီးယား နိုင်ငံတို့၏ ဆိုက်ဘာ နည်းပညာမှာ ဖွံ့ဖြိုးမှု နည်းပါးခြင်း ကြောင့် နိုင်ငံ၏ အကျိုးစီးပွားကို များစွာ ခြိမ်းခြောက်မှု မရှိကြောင်း အမေရိကန် အစိုးရက ထုတ်ပြန် ထားကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment