Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

လူသတ်မှုတွင် မင်္သကာသူအား ရှာဖွေရာမှ ကျောက်စိမ်းတုံး ၊ စိတ်ကြွဆေးပြားများ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ



လူသတ်မှုတွင် မင်္သကာသူအား ရှာဖွေရာမှ ကျောက်စိမ်းတုံး ၊ စိတ်ကြွဆေးပြားများ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ တာချီလိတ် ၊ ၂၄-၄-၂၀၁၅ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပါဆပ်ရပ်ကွက် လွန်းကျိုင်း ကျေးရွာ၌ လူသတ်မှုမှ မသင်္ကာ တရားခံ တစ်ဦးအား ရှာဖွေရာ စိတ်ကြွ ဆေးပြားများ၊ မက်အက် ဖီတမင်း (အိုက်စ်) ဟု ယူဆရသော အဖြူရောင် ပုံဆောင်ခဲ၊ ကျောက်စိမ်း အရိုင်းတုံး ဟုယူဆရသော ကျောက်တုံးများနှင့် လက်နက်ခဲယမ်းများ ကို ယမန်နေ့ နံနက် ၇ နာရီခွဲက သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဝိန်းကျောက် ရပ်ကွက် ရွှေမိသားစု ဟိုတယ် ရှေ့၌ မတ် ၃၁ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က Honda Fit ခဲရောင် မော်တော်ယာဉ် ပေါ်၌ ထိုင်လျက် သေနတ်ဒဏ်ရာ များဖြင့် သေဆုံးခဲ့သည့် ထိုင်းနိုင်ငံသား ကိုးမင်း ၄၉ နှစ် ပူလီလန်မြို့ ထိုင်းနိုင်ငံ နေသူ၏ ဇနီး မနန်းကိန်ခမ်း က သေနတ်ဖြင့် ပစ်ခတ်သွားသူ အပေါ် အရေးယူ ပေးပါရန် တရားလို ပြုလုပ် တိုင်တန်းရာ တာချီလိတ် မြို့မရဲစခန်းက (ပ)၆၇/ ၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိသည်။ ထို့နောက် တရားခံအား ဖမ်းဆီးရမိ နိုင်ရေးအတွက် စုံစမ်းစစ်ဆေး ဆောင်ရွက်လျက် ရှိရာ တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှူး၊
 မြို့နယ် ရဲတပ်ဖွဲ့မှူး တို့၏ ညွှန်ကြားချက် အရ မသင်္ကာ တရားခံ တာချီလိတ်မြို့ ပါဆပ် ရပ်ကွက် လွန်းကျိုင်းကျေးရွာ နေ အိုက်ရှဲန် (ခ) စိုင်းရှဲန်အွန် ၄၃ နှစ်၏ နေအိမ်ကို ယမန်နေ့ နံနက် ၇ နာရီခွဲက တာချီ
လိတ် မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုတိယရဲမှူး ကျော်သန်း ဦးစီး တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး တားဆီး နှိမ်
နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၃ဝ) တာချီလိတ် မှ ရဲအုပ် စိုင်းခမ်းစိုင်း ဦးစီး တပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ် မင်းအောင် ဦးစီး တပ်ဖွဲ့ဝင်များ၊ မှုခင်း ရဲတပ်ဖွဲ့ ရဲအုပ် နေမင်းထွန်း ဦးစီး တပ်ဖွဲ့ဝင်များ နှင့် ခရိုင်ဒုစရိုက် နှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ် သက်ဇော် ဦးစီးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ တို့သည် သက်သေများ နှင့်အတူ အဆိုပါ နေအိမ်ကို ဝင်ရောက် ရှာဖွေစီးနင်း ခဲ့ရာ အိုက်ရှဲန် (ခ) စိုင်းရှဲန်အွန် နှင့်အတူ ၉ မမ ကျည်အတောင့် ၈ဝ နှင့် ၄င်းကျည်ကတ်အလွတ် နှစ်ခု၊ အမ်-၁၆
ကျည်ဘောက် နှစ်ခုနှင့် ၄င်းကျည် အတောင့် ၁၄ဝ၊ GAMO စာတန်းပါ စပိန်နိုင်ငံထုတ် လေသေနတ် အရှည် တစ်လက်၊ ခဲသီး အလုံး ၁၅ဝ၊ S&W-357 MAGNUM တံဆိပ်ပါ အမေရိကန် နိုင်ငံလုပ် SMITH & WESSON ခြောက်လုံးပြူး တစ်လက်နှင့် ၄င်းကျည် သုံးတောင့်၊ ၄င်း၏ ခါးကြားမှ SNN 753 နံပါတ်ပါ သြစတြေးလျ နိုင်ငံထုတ် ပစ္စတိုသေနတ် တစ်လက်၊ ၉ မမကျည် ၁၁ တောင့်နှင့် ၄င်း ကျည်ကတ် တစ်ခု၊
အပြာရောင် ပလတ်စတစ်အိတ် အတွင်း WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၈၅ ပြား၊ မက်အက်ဖီ တမင်း (အိုက်စ်)ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၄၂ဝ ဂရမ်ခန့်၊ ပန်းရောင်စိတ်ကြွဆေးမှုန့် ၆ ဂရမ်နှင့် ကျောက်စိမ်း အရိုင်းတုံးဟု ယူဆရသော အဖြူရောင် ကျောက်တုံး အလေးချိန် ၆ဝ ကီလိုခန့် တစ်တုံး၊ ၅ ကီလိုခန့်တစ်တုံး၊ ၄ ကီလိုခန့်တစ်တုံး၊ ၄ ကီလိုခွဲခန့်တစ်တုံး၊ ၂ ကီလိုခွဲခန့်တစ်တုံး စုစုပေါင်း ငါးတုံး၊ မြန်မာနှင့် ထိုင်းနံပါတ် ဆင်းကတ်များ ထည့်ထားသည့် ဖုန်းနှစ်လုံး တို့ကို ရှာဖွေတွေ့ရှိသဖြင့်
ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အိုက်ရှဲန် (ခ) စိုင်းရှဲန်အွန် ၄၃ နှစ် လွန်းကျိုင်းပါဆပ် ရပ်ကွက် တာချီလိတ်မြို့ နေသူကို တာချီလိတ် မြို့မရဲစခန်း က (ပ)၈၄/၂ဝ၁၅၊ ကျောက်မျက် ဥပဒေ ပုဒ်မ ၄၂(က) ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် လက်နက်အမိန့် ၁၂ (က)/ ၁၂(ဂ) ဖြင့်
 လည်းကောင်း၊ မူးယစ် (ပ)၅၆/၂ဝ၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က) /၂၂ (ခ) မူးယစ်ဆေးဝါး နှင့် စိတ်ကို
 ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

 #PyiChitThar

No comments:

Post a Comment