Written by တိုကျို
နိုင်ငံရေး သမားများ အနေဖြင့် မဲပေး သူပြည်သူ များကို
ဆွဲဆောင်နိုင်ဖို့ အမြဲပင် ကြိုးစားနေ ရသည်။ သို့သော်လည်း
တစ်ချို့သောနိုင်ငံရေး သမားများက ယင်းသို့ ဆွဲဆောင်ရာတွင်
အလွန်အကျွံဖြစ်သွား တတ်သည်။ ဂျပန်နိုင်ငံမှ နိုင်ငံရေး သမား တစ်ဦးက
မဲဆန္ဒရှင် များ၏ စိတ်ကိုလုံးဝ ဆွဲဆောင်နိုင်ရေး အတွက် ကိုယ်တုံးလုံးဖြင့်
ဓားလွတ်ကိုင် ထားကာနောက်ခံတွင် အမျိုးသားအလံထားလျက် ပိုစတာဖြင့် မဲဆွယ်ရန်
ဆုံးဖြတ်လိုက်သည်။
အသက် ၃၄နှစ်ရှိ တီရူကီဂိုတိုဆိုသည့် လက်ယာ ယိမ်းနိုင်ငံရေးသမားက ယင်းသို့ ကိုယ်တုံးလုံးဖြင့် ဓားလွတ် ကိုင်ထားသည့် မဲဆွယ် ပိုစတာဖြင့်ရွေးကောက် ပွဲ အတွက် ကြိုတင်ပြင်ဆင် လာခြင်းဖြစ်သည်။
ကိုယ်တုံးလုံးပုံဖြစ်သော်လည်း အဓိကအရှက်နေရာကို စာများဖြင့် ဖုံးထားသည့် ပိုစတာဖြစ်သည်။ ဂိုတို၏ ယခုမဲဆွယ်ပိုစတာကြောင့် ဆန္ဒမဲများ ပိုမိုရရှိမရှိမျာ မကျိန်းသေသော်လည်း လူများကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်မည်က မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
မဲဆွယ်ပိုစတာဒီဇိုင်းများကို စိတ်ကြိုက်လွတ်လပ်စွာ ဖန်တီးခွင့်ပေးထားခြင်းကြောင့် ဂျပန်ရွေးကောက်ပွဲဥပဒေအရ ကိုယ်တုံးလုံးဖြင့် မဲဆွယ်ခြင်းကို တာမြစ် ထားခြင်း လည်း မရှိပေ။ ဥပဒေအရ ပိုစတာတွင် ကိုယ်စားလှယ်လောင်းအမည်နှင့် ဒီဇိုင်းဆင်မှုဖော်ပြနိုင်သည်။
ဂိုတို၏ မဲဆွယ်ပိုစတာနှင့်ပတ်သက်ပြီး လူမှုမီဒီယာတွင် ဝေဖန်မှုများ ကြာမြင့်စွာဖြစ်ပွားခဲ့သည်။ ယခုကဲ့သို့ မဲဆွယ်ပိုစတာကို ဂိုတိုကအဆန်းထွင်ခြင်းမှာ ပထမ ဆုံးအကြိမ် မဟုတ်ပေ။ ၂၀၁၃ခုနှစ်အတွင်းကလည်း ခေါင်းပေါင်းအဖြူနှင့် ဝတ်စုံအဖြူတို့ကို ဝတ်ဆင်ထားလျက် ပင်ဒါတစ်ကောင်ကို ခွစီးနေပုံဖြင့် မဲဆွယ်ခဲ့ သည်။
Ref: RT
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/43616-2015-04-25-12-04-13
No comments:
Post a Comment