Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 27, 2015

မြန်မာပြည်ရဲ့ ဗီဒီယို ရိုက်ကူးမှုအပိုင်းက စက်ရုံဆန်တယ်လို့ သုံးသပ်လိုက်တဲ့ ဖွေးဖွေး


ကားရိုက်ကို ၄လကြာ ရပ်နားထားတဲ့ ဖွေးဖွေးရဲ့ လက်ရှိ ပထမဆုံး စရိုက်တဲ့ ရှုတင်သို့သွားရောက်ပြီး သူမရဲ့ ပရိသတ်နဲ့အလှမ်းကွာနေတဲ့ အနုပညာအကြောင်းတွေ၊ သင်္ကြန်မှာ တက်လာခဲ့တဲ့ ဓာတ်ပုံအချို့နဲ့ ၂၀၁၅ အတွက် သူမplan ချထားတဲ့ အနုပညာရေးရာအကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ.်။ ပထမဆုံး သူမပြောပြသွားတာက "အခုရိုက်နေတဲ့ ကားလေးက ထာဝရ အမှတ်တရများလို့ နာမည်ရပါတယ်။ ဒါရိုက်တာက ဦးသိန်းဟန် ( ဖီးနစ် )ပါ။ မင်းသားကတော့ ဇေရဲထက်ပါ။ ဖွေးဖွေးပါမယ်။ ဆုမြတ်နိုးဦး ပါပါမယ်။ ဒီကားလေးက ဖွေး ၄လလောက် နားပြီးတဲ့ အချိန်မှာ ပထမဆုံးပြန်ရိုက်တဲ့ ကားလေးပေါ့။ ဒီကားထဲမှာ Tomboy လဲ မဟုတ်ဘူး။ မိန်းမဆန်တဲ့ ကောင်မလေးလဲ မဟုတ်ဘူး။ ယောကျာ်းဆန်တဲ့ ကောင်မလေးပေါ့"တဲ့။

ခုလို ၄လနီးပါးနားပြီးမှ ပြန်ရိုက်တဲ့အခါ ကားရိုက်နဲ့ ပတ်သက်ပြီး ဘာတွေထူးထူးခြားခြား ခံစားမိလဲဆိုတာကိုတော့ "ပျော်ဖို့လဲကောင်းတယ်။ အရင်တိုင်းပါပဲ။ ဖွေး၎လ နားသွားတဲ့အခါမှာ ဇာတ်ကားတွေက နည်းနည်းကျဲသွားတယ်လို့ပရိသတ်တွေ ထင်ကြတယ်။ တကယ်က အစကတည်းက ဖွေးကားတွေက အထွက်ကျဲတာ။ တစ်လမှ တစ်ကားလောက်ပဲ ပုံမှန်ထွက်တာလေ။ ဒီကြားထဲမှာလဲ မိုင်လေဒီတို့၊ မာလာဆောင်က ချစ်ပုံပြင်တို့ထွက်ပါတယ်။ အဲ့ဒါကြောင့် ကားတွေက အထွက်မကျဲပါဘူး။ ပုံမှန်လေးပဲထွက်နေပါတယ်" လို့ သူမက ပြောသွားပါတယ်။

သူမပါဝင်ရိုက်ကူးထားတဲ့ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကြီးနဲ့ပတ်သက်ပြီးတော့လဲ "မေလ ၁၇ press show ရှိတယ်။ မေလ ၂၉ ဆို ရုံစတင်ပြီ။ အဲ့ဒီ ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး ဖွေးခံစားရတာကို ပြောရမယ်ဆိုရင် ကိုဝိုင်းနဲ့ဖွေးတို့ရဲ့ နောက်ထပ်စွန့်စားမှုတစ်ခုပေါ့။ ပရိသတ်ကြိုက်မယ်။ မကြိုက်ဘူးကတော့ ရုံတင်ပြီး ပရိသတ်ကြည့်ပြီးမှသိရမယ်ပေါ့။ အရမ်းတော့ စိတ်လှုပ်ရှားနေတယ်။ ရင်တွေလဲခုန်နေပါတယ်။ ရုပ်ရှင်ကားကြီးက ဒီနှစ်ထဲမှာ ဖွေး ၂ကားရိုက်ဖို့ရှိတယ်။ ကားကြီးကဒရာမာတွေ အရမ်းများနေလို့ဖွေး ဟာသကားလေးတွေ လက်ခံထားတယ်။ တစ်ကားကဇေရဲထက်နဲ့နောက်တစ်ကားက ကိုပြေတီဦးနဲ့ပါ။ ဒါရိုက်တာက ကိုပေါက်နဲ့ ကိုညိုမင်းလွင်ပါ။ မေမှာ တစ်ကား၊ ဇွန်မှာ တစ်ကားရိုက်မယ်။ နေရာတွေက မေမြို့နဲ့ပုပ္ပါးမှာပါ။ ဒီနှစ်ထဲမှာ ဖွေးရိုက်တဲ့ကားတွေလက်ချိုးပြီးရေလို့ ရတယ်။ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပြီးရိုက်သွားမှာပါ။ ကားကြီးဆို ဖွေးဆီလာရင် စိန်ခေါ်တဲ့ ဇာတ်ရုပ်တွေပဲ များတယ်။ ဖွေးက အကျင့်ဖြစ်နေတယ်။ အောင်မြင်တယ်ဆိုတာ သေချာတဲ့ကားမျိုးကိုပိုရိုက်ချင်ပေမဲ့လဲ သိပ်ရင်မခုန်ဘူး။ စွန့်စားမှုပါတဲ့ ကားတွေပေါ့။ ဥပမာလက်ပံလိုမျိုး၊ ပရိသတ်မုန်းလဲ မုန်းသွားနိုင်သလို ကြိုက်ရင်လဲကြိုက်သွားနိုင်တယ်။ နှင်းဆီပါမောင်လဲ အဲ့လိုပဲ။ အနုပညာကိုစွန့်စားရတဲ့ ဖန်တီးမှုမျိုးကို ကြိုက်တယ်။ ဗီဒီယိုကို ဖွေးခုနောက်ပိုင်း ဆက်တိုက်မရိုက်ဖြစ်ဘူး။ တစ်လ တစ်ကားတောင်ရိုက်ဖြစ်ချင်မှ ရိုက်ဖြစ်မယ်။ ရုပ်ရှင်ကိုပိုပြီး ရင်ခုန်တယ်။ ဗီဒီယိုလဲ ရိုက်ချင်တယ်။ ဒါပေမဲ့ အရမ်းကာရိုက်တာ ထပ်တဲ့ဟာမျိုးကျတော့လဲ မရိုက်ချင်ဘူး။ မြန်မာပြည်မှာက ပြောရမယ်ဆိုရင် ဗီဒီယိုကစက်ရုံဆန်တယ်။ တစ်လကို ဘယ်နှစ်ကား ထွက်ရမယ် ဆိုတာမျိုးရှိတော့ စိတ်မှာ အဲ့လိုမျိုးမထားချင်ဘူး။ ကိုယ့်ကားတွေကြည့်မယ်ဆိုရင် တစ်ဝက်လောက်မှာ မပိတ်ရတဲ့ကားမျိုးပဲ ရိုက်ချင်ပါတယ်" လို့ သူမက ပွင့်ပွင့်လင်းလင်း ပြောပြသွားပါတယ်။

သင်္ကြန်မှာ အရမ်းဟော့သွားတဲ့ သူမရဲ့ ဓာတ်ပုံအချို့နဲ့ပတ်သက်ပြီးတော့ သူမက အဲ့ဒီအကြောင်း မမေးပါနဲ့အစ်မ။ ဘာလို့လဲဆိုတော့လေ ဖွေးဘာမှ မပြောချင်ဘူး။ website တစ်ခုက ဖွလိုက်တာပါ"တဲ့။

trend myanmar

No comments:

Post a Comment