Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 23, 2015

၃၄ မီနီဘတ်တစ်စီးက လမ်းဘေးရပ်ယာဉ်လေးစီးအား ၀င်တိုက်


 ရန်ကုန် ဧပြီ ၂၃

 ဧပြီ ၂၃ ရက် နံနက် ၅ နာရီ ၁၅ မိနစ်က မဟာဗန္ဓုလလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ၃၄ မီနီဘတ် 6A/--- သည် ယာဉ်နှစ်စီး အပြိုင်မောင်းနှင်လာရာ လှည်းတန်းလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်မရောက်မီ လမ်းဘေးတွင်ရပ်ထားသော ဒိုင်နာယာဉ်ငယ် 5F/ ---- ၊ မစ်ဆူဘီရှီ ပါဂျဲရိုးယာဉ် 9C/---- ၊ အစ်ဆမ် ယာဉ်ငယ် 2J/----၊ တိုယိုတာ ကမ်မရီ 1C/---- တို့ကို ဝင်တိုက်မိသွားသည်။

စတင်တိုက်မိသော ဒိုင်နာယာဉ်ငယ်နှင့် ပါဂျဲရိုးယာဉ်တို့မှာ ယာဉ် ဦးခေါင်းပိုင်းတို့တွင် ပျက်စီးမှုများပြားကြောင်း၊ အဆိုပါ ယာဉ်တိုက်မှု နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ဆိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment