Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 3, 2015

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ရုရှားကောင်စစ်ဝန်ရုံး ပျက်စီး


ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့ များ၏ လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် ယီမင်နိုင်ငံ အနောက် တောင်ပိုင်းရှိ ရုရှား ကောင်စစ်ဝန်ချုပ်ရုံး မှာ ပျက်စီး သွားခဲ့ရကြောင်း ရုရှားသံတမန် အသိုက်အဝန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား လိုက်ကြောင်း သိရသည်။ ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့ များသည် အဆိုပါမြို့ အတွင်းရှိ ဟူသီ ပြည်သူ့စစ်များ အပေါ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ တိုက်ခိုက်ရာ မှ ရုရှား ကောင်စစ်ဝန်ချုပ်ရုံး ကို လာရောက် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက် မှုကြောင့် ကောင်စစ်ဝန်ချုပ်ရုံး အဆောက် အအုံမှာ ဆိုးဆိုးရွားရွား ပျက်စီး သွားခဲ့ပြီး သံအမှုထမ်း များအား ယင်းနိုင်ငံ အတွင်းမှ ရွှေ့ပြောင်းပေးရန် ဧပြီ ၁ ရက်က ရောက်ရှိ လာသည့် ရုရှားလေယာဉ် တစ်စင်းကို လည်း ညွန့်ပေါင်း တပ်ဖွဲ့ဝင်များက မြို့တော်ဆာနား ရှိ လေဆိပ်သို့ ဆင်းသက်ခွင့် ပြုရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ရုရှား ကယ်ဆယ်ရေး လေယာဉ်မှာ လမ်းကြောင်း ပြောင်း၍ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ လေဆိပ်သို့ ဆင်းသက်ခဲ့ ရကြောင်း သံအမှုထမ်း တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Sputnik သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ ယခုအခါ ရုရှား အစိုးရသည် ယီမင်နိုင်ငံ အတွင်းရှိ ၄င်းတို့၏ သံအမှုထမ်းများကို ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိပြီး ယင်းနိုင်ငံ အတွင်းရှိ ကောင်စစ်ဝန်ချုပ်ရုံး ကိုပါ ပိတ်ပစ်ရန် သုံးသပ်လျက် ရှိကြောင်း သိရသည်။
 #PyiChitThar




No comments:

Post a Comment